Jul 22, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း
နာဂစ်လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကွန်ကရစ်အုတ်ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း



အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်တို့လိုက်ပါ၍ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် ဂး၃၀ နာရီတွင် အင်းစိန်မြို့နယ်၊ ပုလဲ လမ်းမကြီးဘေး မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ အင်္ဂတေ ပစ္စည်းစက်ရုံသို့ ရောက်ရှိပြီး နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် ကွန်ကရစ် အုတ်ဖိနပ် ထုတ်လုပ်မှု လုပ်ငန်း အခြေအနေကို လည်းကောင်း၊ နေ့အလိုက် ထုတ်လုပ်ပြီး ကွန်ကရစ် အုတ်ဖိနပ်များနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း ကုမ္ပဏီများမှ ထုတ်ယူရန် အသင့်ဖြစ်နေသော ကွန်ကရစ် အုတ်ဖိနပ်များ သယ်ယူ တင်ပို့နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသပြီး ဝန်ကြီးမှ အရည်အသွေး ကောင်းမွန်ရေးနှင့် သပ်ရပ်သေချာသော အုတ်ဖိနပ်များ ထုတ်လုပ်ကြရေး မှာကြားသည်။
၂၀၀၈ ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့အထိ အင်္ဂတေပစ္စည်းစက်ရုံနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံများမှ လေဘေးသင့် ပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင်အသုံးပြုရန် ကွန်ကရစ် အုတ်ဖိနပ်(၂၄၉၅၀)(နှစ်သောင်း လေးထောင် ကိုးရာငါးဆယ်)ခုထုတ်လုပ်ခဲ့ပြီး တစ်နေ့လျှင်ကွန်ကရစ် အုတ်ဖိနပ်(၁၅၀၀)ခု ထုတ်လုပ်နိုင်၍ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေ့စဉ် ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုမှတဆင့် ဝန်ကြီးသည် အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီး ဘေးရှိ၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဖိနပ်စက်ရုံ အမှတ်(၁) စက်ရုံခွဲ၊ ဖော့ကန်သို့ ရောက်ရှိပြီး ဆိုးလ်ပေါင်းခြင်း လုပ်ငန်း၊ ရာဘာကြိတ်စက် ဆိုးလ်ပြားဖြတ်စက်၊ ဆိုးလ်ပြား လွှာစက်များဖြင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပြီး ဝန်ကြီးမှ ကုန်ထုတ်လုပ်မှု ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီး ဦးအောင်သောင်းသည် ဝင်းသူဇာ အရောင်းဆိုင် (ဖော့ကန်) သို့ရောက်ရှိပြီး စက်မှု လုပ်ငန်းများမှ ထုတ်လုပ် ရောင်းချလျှက် ရှိသော ဆေးဝါး ပစ္စည်းများ၊ စက္ကူနှင့် စာရေး ကိရိယာများ၊ ထီး၊ ဖိနပ်နှင့် ကြွေရည်သုတ်နှင့် စတီးလ်အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည် အမျိုးမျိုးနှင့် လူသုံးကုန် ပစ္စည်းများ ရောင်းချနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ကြီးမှ ကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရန်နှင့် ပစ္စည်းအမယ် စုံလင်စွာ ရောင်းချကြရန် မှာကြားခဲ့သည်။

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း စီမံကိန်းလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခြင်း


အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် စက်မှုလုပ်ငန်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ဇူလိုင်လ (၁၇)ရက်နေ့ နံနက် ၇း၃၀ နာရီတွင် လယ်ဝေးမြို့နယ်၊ တောင်ဖီလာ ကျေးရွာအနီး မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း တစ်နေ့တန် (၅၀၀) ကျ နေပြည်တော် ဘိလပ်မြေစက်ရုံ စီမံကိန်း (တောင်ဖီလာ)တွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် မြန်မာ့ အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်တို့က မြို့ပြဆိုင်ရာ အဆောက်အဦများ တည်ဆောက်နေမှု အခြေအနေ Slurry Silo နှင့် Rotary Kiln အုတ်မြစ်နေရာ မြေတူးဖော် ဆောင်ရွက်ခြင်း၊ ထုံးကျောက်တောင်တက်လမ်း မြေဖြတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ရှုရပ်မျှော်စင်မှ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသရာ ဝန်ကြီးမှ လုပ်ငန်းအလိုက် ဆောင်ရွက် လုပ်ကိုင်မှု အခြေအနေများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဝန်ကြီး ဦးအောင်သောင်းသည် ကျောက်ခွဲစက်နှင့် ကျောက်တောင်သွားသည့် မဲဟော်ချောင်း ရေကျော် တည်ဆောက်မှု အခြေအနေနှင့် ထုံးနှစ်မွှေကန် မြေတူးခြင်း လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးသည် Max Myanmar Group Companies မှ တည်ဆောက်လျက် ရှိသည့် တစ်နေ့တန် (၅၀၀) ကျ ဘိလပ်မြေစက်ရုံ (စီမံကိန်း) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး စီမံကိန်း ဒါရိုက်တာ ဦးတင်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးခင်မောင်ကြွယ်တို့က မြို့ပြဆိုင်ရာ အဆောက်အဦများ တည်ဆောက်မည့် အခြေအနေနှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ကြီးက စီမံကိန်း လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စနစ်တကျ စီမံဆောင်ရွက်မှုများ ပြုလုပ်ကြရန် မှာကြားခဲ့သည်။
ထိုမှတဆင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ရေနီအမှတ်(၂) စက္ကူစက်ရုံသို့ ရောက်ရှိပြီး ချက်အိုးဌာန၏ ပျော့ဖတ်ပြုပြင်ရေးဌာန၊ ပျော့ဖတ်ကန်နှင့် ပျော့ဖတ်ချက်အိုးများ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေကို လည်းကောင်း၊ စက္ကူညိုများ ထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်နှင့် စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဝန်ကြီး ဦးအောင်သောင်းသည် စက်ရုံမှ ထုတ်လုပ်ထားသော ကုန်ထုတ် စက္ကူလိပ်များ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ဝန်ကြီးမှ မီးဘေး ကြိုတင်ကာကွယ်ရေး စနစ်ကို အမြဲဂရုတစိုက် ဆောင်ရွက်ထားရှိရန်နှင့် စက်မှုလုပ်ငန်းများအား အမြန်ဆုံး ဖြန့်ဝေပေးနိုင်ရန် စီမံ ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထိုမှတဆင့် ဝန်ကြီးသည် ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ရေနီအမှတ်(၂) စက္ကူစက်ရုံအနီး တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ တစ်နေ့တန် (၈၀) စက္ကူညိုနှင့် တစ်နေ့တန် (၅၀) CTMP ပျော့ဖတ် စက်ရုံ(ရေနီ) သို့ရောက်ရှိပြီး ရာနှုန်းပြည့် ပြီးစီးလျက်ရှိသော ဓာတုဖြင့် ရေသန့်စင်ရေး စက်ရုံအား လည်းကောင်း၊ သစ်ဖြတ်စ တင်ပို့လိုင်း တည်ဆောက် ပြီးစီးမှုနှင့် သစ်ပျော့ဖတ် ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးတင်အောင်ထွန်းတို့က လုပ်ငန်းများ ဆောင်ရွက်ပြီး အခြေအနေအား ရှင်းလင်း တင်ပြကြပြီး ဝန်ကြီးမှ စီမံကိန်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ တည်ဆောက်ကြရန် လမ်းညွှန် မှာကြားခဲ့သည်။ အဆိုပါ စက်ရုံစီမံကိန်း ပြီးစီးပါက ကုန်ထုတ်စက္ကူညို တစ်နေ့တန်(၈၀) နှင့် သတင်းစာ ပျော့ဖတ် တစ်နေ့တန်(၅၀) ထုတ်နိုင်မည် ဖြစ်သည်။
ဆက်လက်၍ ဝန်ကြီးဦးအောင်သောင်းသည် ပျဉ်းမနားမြို့နယ်၊ မင်းကုန်းကျေးရွာအနီး တောင်တွင်းကြီးကားလမ်း မိုင်တိုင် အမှတ်(၁၆/၃)မှ(၁၆/၅)တွင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း နေပြည်တော် အုတ်စက်ရုံ (မင်းကုန်း)သို့ ရောက်ရှိပြီး ပင်မစက်ရုံ အဆောက်အဦ၏ Ground Beam၊ Short Column များ၊ Plinth beam များ၊ မြို့ပြဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ စက်ယန္တရားများဖြင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ဝန်ကြီးမှ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။ အဆိုပါ အုတ်စက်ရုံ စီမံကိန်း တည်ဆောက် ပြီးစီးပါက ခွဲရုံ(၁)ရုံတွင် တစ်နေ့လျင် အုတ်ချပ်ရေ (၁၅၀၀၀၀)ထုတ်လုပ်မည် ဖြစ်ပြီး တစ်နှစ်လျှင် အုတ်ချပ်ရေ သန်း(၅၀) ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Jul 21, 2008

အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ


၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် ၆နာရီခွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဝင်းအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ဆောက်လုပ် လှူဒါန်းသော အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး ဦးဣဒ္ဇ္ဓိလှ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ အမရပူရ မြို့နယ်အသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး ဦးဣဒ္ဇ္ဓိလှနှင့် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်းမှ ဌာနခွဲမှူး ဒေါ်သီသီတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ မဟာဂန္ဓာရုံ ကျောင်းတိုက် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံ၊ မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အလုပ်အမှုဆောင် ဦးတင်ထွန်းက အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် စာရွက် စာတမ်းများကို ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ် ရေစက်ချအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး၊ ဝန်ကြီး၊ ဇနီးနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က မဟာဂန္ဓာရုံ ကျောင်းတိုက် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒ န္တ ဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော်များအား သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မဟာဂန္ဓာရုံ ကျောင်းတိုက် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိမှ သာဓု အနုမောဒနာ တရား ဟောကြား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့သည် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်အသင်းသားများ သည် အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက် ချောမြတ်နွယ် သုံးထပ်ကျောင်းဆောင်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ကျင်းပ ပြုလုပ်သော ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက် ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ မဟာဂန္ဓာရုံ ကျောင်းတိုက် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဝံသထံမှ ဗဟိုအတွင်းရေးမှူး၊ ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အရှင်သူမြတ်တို့မှ ပရိတ်တရား ဟောကြားချီးမြှင့်သည်။
ယင်းနောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီးနှင့် ဇနီးတို့က မဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တ ကုဏ္ဍလာဘိဝံသနှင့် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဝံသတို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တအဂ္ဂဝံသမှ သာဓု အနုမောဒနာတရား ဟောကြား ချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ှရုတ်သိမ်းလိုက်သည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ဝါဆို ဝါကပ်တော် မူကြမည့် သံဃာတော်အပါး (၁၂၄၈)ပါးအား ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
ထိုမှတဆင့် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် အသင်းဝင်များသည် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက်ခွဲ၊ မဟာသုန္ဒရာရာမ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ အာဝုဓနှင့် သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး မဟာသုန္ဒရာရာမ ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ အာဝုဓအား အမှူးထား၍ လေဘေးသင့် ပြည်သူများအတွက် လှူဒါန်းမည့် ခြုံစောင်အထည် (၁၀၀၀)အတွက် အလှူငွေ ပေးအပ်ပွဲကို ကျင်းပ ပြုလုပ်ရာ မန္တလေးမြို့ ၈၆-၈၇ လမ်း၊ ရုံးသာရပ်နေ၊ နှစ်ဖက်သော မိဘများအား အမှူးထား၍ ကိုနိုင်ဝင်း+မရွှေဇင်ထွန်း၊ သား မောင်ရန်နိုင်ထွန်း၊ သမီး မသီရိထွန်း YNT မော်တော်ယာဉ် ထုတ်လုပ်ရေး မိသားစုမှ အလှူငွေကျပ် (၅)သိန်း၊ စန်းမြရောင်ခြည် သင်္ကန်းတိုက် (မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဦးဇော်မင်းဦး၊ ဇနီး ဒေါ်ကြူကြူဆွေ မိသားစုမှ အလှူငွေကျပ် (၅) သိန်းနှင့် မန္တလေးမြို့ ၂၆ ဘီလမ်း၊ အားမာန်သစ် အီလက်ထရောနစ် ဦးအောင်ဖြိုး+ဒေါ်ညွန့်ညွန့်စိန် မိသားစုမှ အလှူငွေကျပ် (၁) သိန်းကို ပေးအပ် လှူဒါန်းရာ၊ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းက လက်ခံပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ယင်းနောက် တံတားဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ရုံး အစည်းအဝေး ခန်းမ၌ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းသည် တံတားဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူးများအား တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅)ရပ်အား အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လုပ်ကိုင်ရန်၊ နိုင်ငံတော်၏ ရှေ့ဆက်လက် ဖော်ဆောင်သွားမည့် နိုင်ငံတော်မူဝါဒ လမ်းစဉ် (၇)ရပ်အား အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အသင်းဝင်များမှ မှန်ကန်သော စေတနာကောင်းဖြင့် ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များသည် တံတားဦးမြို့ ရေသဖန်း ပရိယတ္တိ စာသင်ကျောင်းတိုက် အတွင်း၌ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသော (သာသနဝေပုလ္လ မင်္ဂလာဇေယျုံ) အုတ် ကျောင်းတိုက်ကြီးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့၏ စုပေါင်း ဆောက်လုပ် ပြီးစီးသွားသော အုတ်ကျောင်းတော်ကြီး ရေစက်ချပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက် ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ရေသဖန်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စိန္တိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်ကြသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က ရေသဖန်း ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လည်းကောင်း၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ဝါဆိုသင်္ကန်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းကြ၍ ဗဟုဇနဟိတဓရ ဘဒ္ဒန္တ တိက္ခမှ သာဓု အနုမောဒနာ တရား ချီးမြှင့်ပြီး၊ ရေသဖန်းကျောင်း ဂေါပက ဥက္ကဌ ဦးအေးကြူမှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ တံတားဦးမြို့ ရေသဖန်း ပရိယတ္တိ စာသင်ကျောင်းတိုက် (သာသနဝေပုလ္လ မင်္ဂလာဇေယျုံ) အုတ် ကျောင်းတိုက်သည် ၂၀၀၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ဒဏ်ကြောင့် ကျောင်းဆောင် ပျက်စီးခဲ့ပြီး၊ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်း မိသားစုမှ ကျပ်သိန်း (၁၀၀) မတည်၍ ပြန်လည် ပြင်ဆင် မွမ်းမံခဲ့ပြီး၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရေစက်သွန်းချ နိုင်ခဲ့ခြင်းဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တောင်သာမြို့နယ် ရုံးတောကျေးရွာ တံတားဖွင့်

တောင်သာမြို့နယ် ရုံးတောကျေးရွာ ကျောက်တလုံးရေလှောင်တမံ ရိုးဖြတ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၃ ရက် နံနက် ဂး၃၀ နာရီတွင် အဆိုပါ တံတားအနီးရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။
ယင်းနောက် ကျေးရွာပြည်သူများ ကိုယ်စား ကျေးရွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ရုံးတောကျေးရွာ တံတားကို တောင်သာမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးစိုးစိုးရွှေ၊ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးသန်းဌေးအောင်နှင့် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊ မြို့နယ် အင်ဂျင်နီယာ ဦးရဲဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းနှင့် တာဝန်ရှိသူများက မော်ကွန်း ကျောက်စာကို နံ့သာရည်များ ပက်ဖျန်းပေးကြပြီး တံတားသစ်ကို ကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ ရုံးတောကျေးရွာ တံတားကို ကျေးရွာပြည်သူများက ငွေကျပ် သိန်း ၇၀ နှင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းက ငွေကျပ် သိန်း ၁၁၀ တန်ဖိုးရှိ ပစ္စည်းများ ပံ့ပိုး ဖြည့်ဆည်းပေးကာ စုစုပေါင်းငွေကျပ် သိန်း ၁၈၀ အကုန်ကျခံ၍ တည်ဆောက်ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းသည် နံနက် ၁၀ နာရီတွင် တောင်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံ၍ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်ကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ မူဝါဒလမ်းစဉ်(၇)ရပ် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဒေသခံပြည်သူများ၏ အမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လူမှုရေး အသင်းအဖွဲ့များနှင့် အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတဆင့် ဝန်ကြီးသည် မွန်းလွဲ ၁၂း၃၀ နာရီတွင် အမှတ်(၁) မြန်မာ့အထည်အလိပ် လုပ်ငန်း စွပ်ကျယ်စက်ရုံ(တောင်သာ) စက်ရုံခန်းမဆောင်၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ဝန်ထမ်းအသီးသီးတို့သည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ခေတ်မီစက်ယန္တရားများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင်နိုင်ရေး အထူးကြိုးစားကြရန်၊ နိုင်ငံတော်အစိုးရအပေါ် သစ္စာစောင့်သိကြရန်၊ ဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒနှင့် ညွှန်ကြားချက်ကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လုပ်မှု ရည်မှန်းချက် အောင်မြင်အောင် တာဝန်ရှိသူ အဆင့်ဆင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးသည် မွန်းလွဲ ၂း၃၀ နာရီတွင် မြင်းခြံမြို့ မဏိကဉ္စနာခန်းမ၌ မြင်းခြံခရိုင်၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများအား တွေ့ဆုံ၍ နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ် အောင်မြင်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဆက်လက်ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ကြရန်၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်ကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ ထုတ်ပြန်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပါသည်။
၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်

၂၀၀၈ ခုနှစ် တတိယအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇း၀၀ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)ရှေ့တွင် ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲတော်အား အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက ခရေပင်အား စတင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများက သတ်မှတ်နေရာ အသီးသီးတွင် မဉ္ဇူသက မယ်ဇယ်ပင်နှင့် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက အရိပ်ရပင်များစိုက်ပျိုးမှုအခြေအနေနှင့် ဝန်ထမ်းများ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ရုံး ပတ်ဝန်းကျင်၌ ဝန်ထမ်းများ အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင်၊ ခရေပင်၊ သရက်ပင်၊ စိန်ပန်းပင်၊ ပိတောက်ပင်၊ မဟော်ဂနီပင်၊ တမာပင်၊ မန်ကျည်းပင်၊ ပျဉ်းမပင်၊ မယ်ဇယ်ပင်၊ အုန်းပင်၊ တော်ဝင်အုန်းပင် စုစုပေါင်း (၅၉၉၅)ပင်အား စိုက်ပျိုးကြပြီး ယနေ့အထိ အရိပ်ရပင်နှင့် ပန်းအလှပင် စုစုပေါင်း(၃၇၇၇) စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်မိုးရာသီတွင် ကြက်ဆူ၊ သရက်၊ ခရေ၊ စိန်ပန်း၊ ပိတောက်ပင်များ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။
ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် ဇူလိုင်လ (၁၅)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ သင်တန်းသားသင်တန်းသူ (၉၄)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၆)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ


တတိယအကြိမ်မြောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ (၁၅)ရက် နံနက် (၇းဝဝ) နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇) အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပင့်သံဃာ အရှင်သူမြတ်များ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က မြို့လယ်ကျောင်း ဆရာတော် ဓမ္မာစရိယ ဘဒ္ဒန္တ ဂန္တမာထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်သည်။
ဆက်လက်၍ ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ၄င်းတို့၏ ဇနီးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မြို့လယ်ကျောင်း ဆရာတော် ဓမ္မာစရိယ၊ ဘဒ္ဒန္တ ဂန္တမာမှ သာဓုအနုမောဒနာ တရား ဟောကြား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အာရုဏ်ဆွမ်းများ ဆက်ကပ် လှူဒါန်းကြပါသည်။
အလားတူ အမှတ်(၁)စက်မှုဝန်ကြီးဌာန လုပ်ငန်းဌာန အသီးသီးမှ အုန်းတော တောင်ကျောင်း၊ မြို့လယ်ကျောင်းတိုက်၊ ကျောင်းသစ်ကျောင်း၊ စမ်းမြိုင် တောရကျောင်းနှင့် မစိုးရိမ် တိုက်သစ်ကျောင်းများမှ စုစုပေါင်း သံဃာတော် (၂၀)ပါးအား ကျောင်းတိုက်များ အလိုက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။