Jan 9, 2008

Ministry Intranet System ကွန်ပျူတာသင်တန်း အမှတ်စဉ်(၅/၂၀၀၇)သင်တန်းဆင်းပွဲ
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ Ministry Intranet System ကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၅/၂၀၀၇) သင်တန်းဆင်းပွဲ အခမ်း အနားကို ၃၁-၁၂-၂၀၀၇ ရက်နေ့ နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ သင်တန်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူ (၅၄)ဦးနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယလေးလပတ် လုပ်ငန်း ဆောင်ရွက်မှု သုံးသပ်ရေးနှင့် ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များ အောင်မြင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယလေးလပတ် လုပ်ငန်းဆောင်ရွက်မှု သုံးသပ်ရေးနှင့် ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များအောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၈-၁၂-၂၀၀၇ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ပြည်နယ်၊ တိုင်းဦးစီးမှူးများ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။