May 2, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် တာဝန်ရှိသူများသည် (၂၅-၄-၂၀၀၈) ရက်နေ့ နံနက် (၇)နာရီတွင် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက် တိုက်ကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ အေးငြိမ်းချမ်းသာ ဆွမ်းစားကျောင်း၌ မြို့နယ်သံဃာ့နာယက ဥက္ကဌ၊ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတဆရာတော် ပညာဗလအမှူးပြုသော မြို့နယ်သြ၀ါဒစရိယဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစရှိသော လှူဖွယ် ၀တ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်ဝင်း အတွင်း၌ ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေး မှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စစ်မှုထမ်းဟောင်းအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ (၂၀၀၃၅)ဦးအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်နှင့်လူမျိုးအတွက် အဓိကလိုအပ်ကြောင်း၊ နိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေရှိမှ ရွေးကောက်ပွဲပြုလုပ်ပြီး၊ အာဏာလွှဲပြောင်းပေးလို့ ရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေရှိမှ ဒီမိုကရေစီနိုင်ငံတော်ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် ထိန်းကြောင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက်ပြည်သူလူထုအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)အား အတည်ပြုဖို့လိုကြောင်း အကျယ်တ၀င့်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် နံနက် ၁၀နာရီတွင် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့ မေဃ၀န်ကျောင်း၊ ပရိယတ္တိသာသနဝေပုလ္လဓမ္မဗိမာန်၌ မြို့နယ်သံဃာ့နာယက ဥက္ကဌဆရာတော် ဦးကေသရ အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုပြီး
သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် အောင်ကြံဇေယျ မြသိန်းတန်ဘုရားဝင်း သစ်ပင်ရိပ်၌ ဌာနဆိုင်ရာများ၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှူဆောင်များနှင့် စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၉)အုပ်စုမှ ဒေသခံပြည်သူ (၁၆၄၀၀)ဦးတို့အားတွေ့ဆုံ၍ ထိုနည်းတူ အမှာစကားပြောကြားရာ လက်ဆောင်ယူ၊ မီးသွေးတိုက်၊ တံတားဦး၊ ဗျူကံ၊ ချောင်းခွ၊ ချောင်းဆုံကျေးရွာဒေသများမှ ပြည်သူလူထုကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ရာနှုန်းပြည့်ထောက်ခံမည် ဖြစ်ကြောင်း၊ ၄င်းတို့၏သဘောဆန္ဒဖြင့် ဂတိပြုပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားရုတ်သိမ်းလိုက်သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးဦးအောင်သောင်းသည် မွန်းလွဲ ၂နာရီတွင် မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ မန္တလေး ဘီယာစက်ရုံ၊ ကနောင်ခန်းမ၌ မန္တလေးတိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရေးမှူးများ၊ အလုပ်အမှု ဆောင်များအားတွေ့ဆုံ၍ မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အခြေခံဥပဒေအား သဘောပေါက်နားလည်စွာဖြင့် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း အကြွင်းအကျန်မရှိ ဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများနှင့် မြို့နယ်များ၏ စည်းရုံးရေးကိစ္စရပ်များကို မှာကြားခဲ့ပါသည်။