Jan 3, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း အုတ်စက်ရုံစီမံကိန်းအား ကြည့်ရှုစစ်ဆေး
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
အုတ်စက်ရုံစီမံကိန်း မင်းကုန်း(နေပြည်တော်)တွင် ကြည့်ရှုစစ်ဆေးစဉ်
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းသည် ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့ ညနေ ၃း၃၀နာရီတွင် မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း အုတ်စက်ရုံစီမံကိန်း မင်းကုန်း(နေပြည်တော်)သို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတို့က ကုန်ထုတ်ုလုတ်မှု အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ဥပ္ပါတသန္တိစေတီတော်အတွက် ထုတ်လုပ်ထားသော အုတ်များနှင့် စက်ရုံမှ ထုတ်လုပ်ထားသော နမူနာအုတ်များကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ၀န်ကြီးသည် အုတ်လှန်းခြံလုပ်ငန်း၊ အုတ်ဖုတ်ခြင်းလုပ်ငန်းများ၊ စက်ရုံတည်ဆောက် မည့်နေရာနှင့် ၀န်ထမ်းအိမ်ရာများတည်ဆောက်မည့် အခြေအနေများကို ကြည်ရှု့စစ်ဆေးပြီး ပွင့်လင်းရာသီတွင် ကုန်ထုတ်လုပ်မှု ပိုမိုထုတ်လုပ်ကြရန်နှင့် စီမံကိန်းလုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တာဝန်ရှိသူတို့အား မှာကြားခဲ့သည်။