Apr 9, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနားကို (၆-၄-၂၀၈)ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ၊ ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာများ၊ ၀န်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်သည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၊ ဇနီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က စမ်းမြိုင်တောရကျောင်း ဆရာတော် ဓမ္မာစရိယ ဦးသူရိယထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာအရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီတို့က စမ်းမြိုင်တောရကျောင်းဆရာတော်အား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများက မစိုးရိမ်တိုက်သစ် မြို့လည်ကျောင်း၊ ကျောင်းသစ်ကျောင်း၊ အုန်းတောကျောင်းတို့မှ ပင့်သံဃာအရှင်သူမြတ်တို့အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် စမ်းမြိုင်တောရကျောင်းဆရာတော် ဓမ္မာစရိယဦးသူရိယမှ သာဓုအနုမောဒနာတရားနှင့် ရေစက်ချတရား ဟောကြား ချီးမြှင့်ပြီး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့်ဇနီး၊ ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး ပင့်သံဃာအရှင်သူမြတ်တို့နှင့် စက်မှု(၁)၀န်ကြီးဌာနတို့မှ ဒုလ္လပတ် ရဟန်း၊ သံဃာများနှင့်သီလရှင်များအား ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ၀န်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ ဆေးဝါးနှင့် အလှူငွေများထောက်ပံ့ခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သော ပျဉ်းမနားခရိုင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား (၄-၄-၂၀၀၈)နှင့်(၅-၄-၂၀၀၈) ရက်နေ့များတွင် အောင်မြင်စွာခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား မျက်မှန်တပ်ဆင်ပေးခြင်း၊ အခမဲ့ဆေးဝါးများနှင့်ထောက်ပံ့ကြေးငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၆-၄-၂၀၀၈)ရက် နံနက် ၇နာရီတွင် နေပြည်တော်ရှိ ကုတင် ၃၀၀ ဆန့် ပြည်သူ့ဆေးရုံကြီး ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်မြို့တော်ဝန်၏ဇနီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းနွယ်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်နှင့် မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များက မျက်စိခွဲစိပ်ကုသပြီး ဝေဒနာရှင်များအား မျက်မှန်တပ်ဆင်ခြင်း၊ ဆေးဝါးပစ္စည်းများ အခမဲ့ ပေးဝေခြင်းနှင့် အလှူငွေများပေးအပ်ကြပြီး၊ မျက်စိခွဲစိပ်ကုသပြီး ဝေဒနာရှင်များအား ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေတို့က ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြား ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲ၌ ပျဉ်းမနားခရိုင်၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ၂၁၉၄ ဦးအနက် မျက်စိခွဲစိတ်ကုသပြီး ဝေဒနာရှင် ၃၄၈ ဦးတို့အား မျက်မှန်၊ ဆေးဝါးများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များအား ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သော နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း မြို့နယ်တို့မှ အခမဲ့ဆေးဝါးကုသလျှက်ရှိသော မျက်စိဝေဒနာရှင်များအား (၅-၄-၂၀၀၈)ရက်နေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က နေပြည်တော် ခုတင် ၃၀၀ ဆန့် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ရန်ကုန်မြို့တော်ဝန်၏ဇနီး မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းနွယ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ရှေးဦးစွာ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးနှင့်ဇနီးတို့သည် ရဟန်းရှင်လူပြည်သူ မျက်စိခွဲစိပ်ပြီးလူနာများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ မျက်စိခွဲစိပ်မည့်ဝေဒနာရှင်များကိုလည်းကောင်း၊ ခွဲစိပ်ခန်းအတွင်း မျက်စိဝေဒနာရှင်များ ခွဲစိပ်ကုသနေမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား (၄-၅-၂၀၀၈)နှင့်(၅-၅-၂၀၀၈) ရက်နေ့တွင် မျက်စိဝေဒနာရှင် ၂၁၉၄ ဦး ကုသမှုကိုခံယူပြီး မျက်စိဝေဒနာရှင် ၃၄၈ ဦးအား ခွဲစိပ်ကုသပေးပြီး ကျန်လူနာများအား မျက်မှန်များအခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ပါသည်။

Apr 8, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး


အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်းနှင့် ၂၀၀၈-၂၀၀၉ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို (၄-၄-၂၀၀၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာ များ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလုပ်ငန်းဌာနအလိုက် စက်ရုံမှူးများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်များကို ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ညွှန်ကြားရေးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်မှ လျှပ်စစ်ဘွိုင်လာစစ်ဆေးခြင်း၊ စက်မှု လုပ်ငန်းလိုင်စင်များ ဆောင်ရွက်ထားရှိမှုနှင့် ရည်မှန်းချက်တာဝန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်က ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းများ၏ တင်ပြဆွေးနွေး ချက်များအပေါ် ခြုံငုံသုံးသပ်တင်ပြဆွေးနွေးပြီး၊ အမှတ်(၁)စက်မှုဝန်ကြီး ဦးအောင်သောင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။