Dec 20, 2007

ဝန်ကြီးဦးအောင်သောင်း၊ ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူကျောင်း စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း
၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှု ၀န်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့်မိသားစုများ၊ အလှူရှင်များက ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူ ကျောင်းစာသင်တိုက်တွင် သံဃာတော်အရှင်သူမြတ်တို့ထံ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်အိတ် ၅၀၊ ဆီ ၁ ပေပါ၊ ကုလားပဲ ၁၀ တင်းနှင့် ဆား ၅ အိတ်တို့အား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီးဦးအောင်သောင်းသည် မိတ္ထီလာမြို့၊ ရေဝေကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ ကျောင်းခန်းမဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
(၁၄)ကြိမ်မြောက် ကထိန်လျာသင်္ကန်းနှင့် အခြံအရံပစ္စည်းများ ဆပ်ကပ်လှူဒါန်းပွဲ
၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီမိသားစုတို့၏ (၁၄)ကြိမ်မြောက် ကထိန်လျာသင်္ကန်းနှင့် အခြံအရံပစ္စည်းများ ဆပ်ကပ် လှူဒါန်းပွဲနှင့် တောင်သာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းပဒေသာပင် ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ကျောက်ကာကျေးရွာ မဟာဗောဓိကျောင်းတိုက်၌ကျင်းပခဲ့ပြီး ပင့်သံဃာ(၁၀၈)ပါးတို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နေ့လည် ၁၂ နာရီတွင် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီမိသားစုနှင့်အလှူရှင်များမှ သက်ကြီးဘိုးဘွား(၇၆)ဦးတို့အား ဂါရ၀ပြုလက်ဆောင်များပေးအပ် ခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စည်းရုံးရေးမှူးကြီးများ၊ အသင်းဝင်များ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း တက်ရောက်အမှာစကားပြောကြားရာ ၀န်ကြီးမှ ဒေသခံများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေး၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပြည်သူတို့နှင့်အတူ တက်တက်ကြွကြွ လုပ်ကိုင်ကြရန် မှာကြားပါသည်။
ပထမအကြိမ် ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ
၂၀၀၇ ခုနှစ် ပထမအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ အခမ်းအနားကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းတွင် (၄-၁၂-၂၀၀၇)ရက်နေ့၌ကျင်းပပြုလုပ်ရာ ဗိုလ်စွဲခဲ့သော သာပေါင်းဘောလုံး အသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ဆုကြေးငွေကျပ် ၅ သိန်းအား အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းမှ ချီးမြှင့် ပေးခဲ့ပါသည်။
ဗိုလ်လုပွဲတွင် ရေနီ/ရမည်းသင်းအသင်းနှင့်သာပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်ပြည့်သည်အထိ တစ်ဘက်တစ်ဂိုးစီ ဖြင့် သရေပွဲဖြစ်ပြီး၊ အချိန်ပိုကစားရာတွင် သာပေါင်းဘောလုံးအသင်းမှ အနိုင်ဂိုးတစ်ဂိုး ထပ်မံရရှိသဖြင့် (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိ သွားသည်။
ပြိုင်ပွဲတွင် ရေနီ/ရမည်းသင်းအသင်းက ဒုတိယ၊ ပွင့်ဖြူအသင်းမှ တတိယ၊ ပုလိပ်သင်းက စတုတ္ထရရှိခဲ့ကြသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန ပထမအကြိမ် ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ
အမှတ်(၁)စက်မှုဝန်ကြီးဌာန ပထမအကြိမ် ၀န်ကြီးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ကွင်းဖွင့်ပွဲအနေဖြင့် မကွေး၊ ပွင့်ဖြူစက်ရုံများအသင်းနှင့် ပလိပ်စက်ရုံများအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပါသည်။
၂၀၀၇ ခုနှစ် ပထမအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ စက်ရုံ နယ်မြေဇုန်အလိုက် အသင်း(၂၁)သင်း၊ ရန်ကုန်ဇုန်၊ ပခုက္ကူဇုန်၊ စစ်ကိုင်းဇုန်နှင့် မန္တလေးဇုန် (၄)ဇုန်ခွဲ၍ ပထမအဆင့် အုပ်စု ပတ်လည် ဘောလုံးပြိုင်ပွဲကို (၄၅)ပွဲ ကျင်းပခဲ့ပြီး ယခုအခါ ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားကွင်း၌ ဒုတိယအဆင့် အုပ်စု ပတ်လည်ပြိုင်ပွဲ(၁၂)ပွဲနှင့် အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်(၄)ပွဲ စုစုပေါင်း(၁၆)ပွဲ ဆက်လက်ယှဉ်ပြိုင်ကစား သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနှင့် ရည်ရွယ်ချက်(၃)ရပ် ချမှတ်ထားသော အမျိုးသား ကျန်းမာကြံ့ခိုင်ရေး အတွက် အထောက် အကူဖြစ်စေရေး၊ စက်ရုံအသီးသီးမှ ၀န်ထမ်းများ အပန်းဖြေမှုဖြစ်သကဲ့သို့ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် ဖြစ်စေရေး၊ ၀န်ထမ်းများ တက်ကြွ ရွှင်လန်းစွာနှင့် မိမိတို့တာဝန်များကို ပိုမို ထမ်းရွက်နိုင်စေရေး စသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ပြီး လာမည့်နှစ် ၀န်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိရေး အထောက်အကူ ဖြစ်စေရန် ဖြစ်ပါသည်။

Dec 19, 2007

Unofficial Translation
Union of Myanmar National Political Federation

Declaration in regard to the protests because of the fuel price hike.

(declaration number 8/2007)

1. In connection to the fuel price hike by the government, some people and monks protested on the streets during the month of September in Myanmar. Actually the hike of the price is partly in connection with the drastic hike of fuel prices worldwide and partly as a consequence of being economically sanctioned.

2. Daw Aung San Suu Kyi, the National League of Democracy (NLD) and the internal and external opposition groups are dogmatically holding on to confrontation, utter devastation and general sanction including economic sanctions and in this way have been consistedly threatening and demanding for national reconciliation, dialogue and the implementation of the 1990 election results. The current incident is the outcome of their last resort for public agitation.

3. As a consequence of economic sanctions, the Myanmar currency value has gradually dropped and job opportunities became scarce, leading to drastic hike of commodities, including fuel prices. It could therefore be said that the real culprit is economic sanctions. Daw Aung San Suu Kyi, the National League for Democracy (NLD) and external and internal opposition groups are totally accountable for this situation.

4. The economic and living conditions of the people have become difficult because of various price inflations and this in turn made people become frustrated. Four specific broadcasting stations from abroad then made timely broadcasts, agitating people to take to the streets and protest against the military government. By creating confrontation between the people and the Buddhist monks on one side and the military government on the other they managed to gain personal and political gains of their own. This is an utterly wrong choice of path by despicable persons with no political reputation.

5. The end result is that of multiple detentions, the casualties of some people including one Japanese and the people and the Buddhist monks being used by Daw Aung San Suu Kyi, the National League of Democracy (NLD) and the internal and external opposition groups. A very sad and unfortunate incident indeed.

6. Acts such as destroying the country with economic sanctions, sowing hatred towards the military government among the people by causing economic and living condition hardships, spreading ideological misconceptions and misleading people to believe that individualism and grouping policies are democratic practices, misusing Myanmar heritage Theravada Buddhism to confront the military government, creating confrontation between the present Myanmar Government and the American Government in political, economic and military matters, sending misinformation to the United Nations Security Council so as to become involved in Myanmar domestic matters and to ruin the positive relationship of China, India and the ASEAN countries are contradictory to reconciliation and democratic reforms. In fact, we believe they are negative in nature.

7. The political roadmap for democratic reforms officially declared by the government has now reached the phase of drawing the draft constitution. We will definitely transform into a democratic nation if we undertake in momentum the phases of the holding of a referendum to accede to the constitution, to hold an election according to the constitution and vote for a civilian (democratic) government. We therefore believe that the United Nations, the United States of America and other super power countries as well as internal and external political groups should all collaborate in a positive manner to reach this goal.

Executive Committee

11 th Waxing day of Thadinkyut 1369
22 October 2007 (Sunday)
Yangon

Unofficial Translation
Union of Myanmar 88 Generation Youth

Declaration in connection to the Current Situation in Myanmar
(Declaration No. 5/2007)

1. A certain number of monks and people protested on the streets in connection to the sudden hike of fuel and gas prices during September in Myanmar.

2. We believe that to intentionally create confrontation between the Buddhist Monks and public and the Military Government is an extremely despicable act.

3. It is very saddening to know that some people were fatally injured and many monks and people had to be detained because of the riots.

4. We welcome the fact that the Military Government had expedited the investigative process of the detained monks and people as well as other positive processes in political matters.

5. We believe that to achieve national reconciliation and democratic transformation in Myanmar, instead of protesting the Military Government on the Streets, we should all collaborate with the Military Government to expedite the Implementation of the (7) step political road map.

National Executive Committee

Thadinkyut Waxing Day, 1369 Myanmar Era
21 October 2007 (Sunday)
Yangon

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသား များနှင့်တွေ့ဆုံ
၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာတွင် ဒေသခံ ပြည်သူများ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းသူ အသင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ မြင်းခြံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဦးလှမိုး၊ ကျောက်ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် ဦးအောင်ဝင်းကြည်၊ မြင်းခြံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးအောင်ဇံနှင့် အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တောင်ဦးအခြေခံပညာ အထက်တန်းကျောင်းခွဲ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း စည်းရုံးရေးနယ်မြေ(၁၁) နယ်မြေတာဝန်ခံ ဦးဇော်ဝင်းမောင်နှင့် ကျောက်ပန်းတောင်းမြို့ နယ်၊ တောင်ဦးကျေးရွာ ရပ်မိရပ်ဖများကိုယ်စား ဦးနေလင်း တို့က မိမိတို့နယ်မြေဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိမှုနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်းမှ ဒေသခံများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေး၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကျေးလက်ဒေသ လုပ်ငန်းစဉ်(၅)ရပ်အား စေတနာ မှန်ကန်စွာဖြင့် ပြည်သူတို့နှင့်အတူ တက်တက်ကြွကြွ လုပ်ကိုင်ကြရန်နှင့် ပညာရေးကဏ္ဍကို ယခုထက်ပိုမို တိုးတက်ရန် ၀ိုင်းဝန်း ကူညီပံ့ပိုးကြရန် မှာကြားပါသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်)အား ကြည့်ရှု့စစ်ဆေးခြင်း
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး
စက္ကူနှင့်ပျော့ဖတ်စက်ရုံ (သာပေါင်း)အား ကြည့်ရှု့စစ်ဆေးခြင်း

ရန်ကုန်မြို့ရှိကျောင်းတိုက်များသို့ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်း
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် ၀န်ကြီးဦးအောင်သောင်းတို့ တက်ရောက်ကြည်ညို

၂၀၀၇ ခုနှစ်တွင် ၀ါဆိုဝါကပ်တော်မူကြသော ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ရှိ သံဃာတော် ၅၉၂ ပါးတို့အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီတို့ အမှူးပြု၍ ၀န်ထမ်း မိသားစုများ၏ ပဉ္စမအကြိမ် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၃-၁၁-၂၀၀၇ ရက်နေ့ နံနက် ၈ နာရီတွင် အလယ်တိုက်ကျောင်းကြီး၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာ၊ စက်ရုံမှူးများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြည်ညိုကြသည်။ ဗဟိုအတွင်းရေးမှူး ၀န်ကြီးဦးအောင်သောင်းသည် နံနက် ၁၀ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၁၃ ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက်၌ ကျင်းပသည့် ၂၀၀၇ ခုနှစ်တွင် ၀ါဆိုဝါကပ်တော် မူကြသော သံဃာတော် ၅၄ ပါးတို့အား ပဉ္စမအကြိမ် ကထိန်သင်္ကန်း ကပ်လှူပွဲသို့ တက်ရောက် ကြည်ညိုသည်။
ထို့နောက် ရန်ကင်းမြို့နယ် ကျောက်ကုန်း ကျောင်းတိုက်အတွင်းရှိ ရာပြည့်ကျောင်းတော်၌ ၂၀၀၇ ခုနှစ်တွင် ၀ါဆိုဝါကပ်တော် မူကြသော သံဃာတော် ၃၅ ပါးတို့အား ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ဒသမအကြိမ် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၄င်းတို့၏ဇနီးများ၊ ၀န်ထမ်းမိသားစုများ တက်ရောက် ကြည်ညိုကြသည်။

ခြင်းလုံးအဖွဲချုပ် ဥက္ကဌဖလားဆုရှင် စက်မှု(၁)အသင်း
သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ၀ိုင်းဖွဲ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲများကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၅)ရက်မှ (၂၈)ရက်နေ့ အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားပွဲရုံ၌ ကျင်းပသွားခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနအသင်းမှ ပထမ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းမှ ဒုတိယ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)အသင်းမှ တတိယဆုများ အသီးသီးရရှိခဲ့ကြပါတယ်။