Jul 21, 2008

အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ


၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် ၆နာရီခွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဝင်းအတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ဆောက်လုပ် လှူဒါန်းသော အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး ဦးဣဒ္ဇ္ဓိလှ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ အမရပူရ မြို့နယ်အသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး ဦးဣဒ္ဇ္ဓိလှနှင့် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်းမှ ဌာနခွဲမှူး ဒေါ်သီသီတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ မဟာဂန္ဓာရုံ ကျောင်းတိုက် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံ၊ မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အလုပ်အမှုဆောင် ဦးတင်ထွန်းက အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ် စာရွက် စာတမ်းများကို ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ် ရေစက်ချအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး၊ ဝန်ကြီး၊ ဇနီးနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က မဟာဂန္ဓာရုံ ကျောင်းတိုက် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒ န္တ ဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော်များအား သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မဟာဂန္ဓာရုံ ကျောင်းတိုက် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိမှ သာဓု အနုမောဒနာ တရား ဟောကြား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့သည် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်အသင်းသားများ သည် အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက် ချောမြတ်နွယ် သုံးထပ်ကျောင်းဆောင်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့မှ ကျင်းပ ပြုလုပ်သော ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက် ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ မဟာဂန္ဓာရုံ ကျောင်းတိုက် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဝံသထံမှ ဗဟိုအတွင်းရေးမှူး၊ ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အရှင်သူမြတ်တို့မှ ပရိတ်တရား ဟောကြားချီးမြှင့်သည်။
ယင်းနောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီးနှင့် ဇနီးတို့က မဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တ ကုဏ္ဍလာဘိဝံသနှင့် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဝံသတို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် မဟာနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တအဂ္ဂဝံသမှ သာဓု အနုမောဒနာတရား ဟောကြား ချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ှရုတ်သိမ်းလိုက်သည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ဝါဆို ဝါကပ်တော် မူကြမည့် သံဃာတော်အပါး (၁၂၄၈)ပါးအား ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
ထိုမှတဆင့် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် အသင်းဝင်များသည် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက်ခွဲ၊ မဟာသုန္ဒရာရာမ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ အာဝုဓနှင့် သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး မဟာသုန္ဒရာရာမ ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ အာဝုဓအား အမှူးထား၍ လေဘေးသင့် ပြည်သူများအတွက် လှူဒါန်းမည့် ခြုံစောင်အထည် (၁၀၀၀)အတွက် အလှူငွေ ပေးအပ်ပွဲကို ကျင်းပ ပြုလုပ်ရာ မန္တလေးမြို့ ၈၆-၈၇ လမ်း၊ ရုံးသာရပ်နေ၊ နှစ်ဖက်သော မိဘများအား အမှူးထား၍ ကိုနိုင်ဝင်း+မရွှေဇင်ထွန်း၊ သား မောင်ရန်နိုင်ထွန်း၊ သမီး မသီရိထွန်း YNT မော်တော်ယာဉ် ထုတ်လုပ်ရေး မိသားစုမှ အလှူငွေကျပ် (၅)သိန်း၊ စန်းမြရောင်ခြည် သင်္ကန်းတိုက် (မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဦးဇော်မင်းဦး၊ ဇနီး ဒေါ်ကြူကြူဆွေ မိသားစုမှ အလှူငွေကျပ် (၅) သိန်းနှင့် မန္တလေးမြို့ ၂၆ ဘီလမ်း၊ အားမာန်သစ် အီလက်ထရောနစ် ဦးအောင်ဖြိုး+ဒေါ်ညွန့်ညွန့်စိန် မိသားစုမှ အလှူငွေကျပ် (၁) သိန်းကို ပေးအပ် လှူဒါန်းရာ၊ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းက လက်ခံပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ယင်းနောက် တံတားဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ရုံး အစည်းအဝေး ခန်းမ၌ ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းသည် တံတားဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူးများအား တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅)ရပ်အား အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လုပ်ကိုင်ရန်၊ နိုင်ငံတော်၏ ရှေ့ဆက်လက် ဖော်ဆောင်သွားမည့် နိုင်ငံတော်မူဝါဒ လမ်းစဉ် (၇)ရပ်အား အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အသင်းဝင်များမှ မှန်ကန်သော စေတနာကောင်းဖြင့် ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များသည် တံတားဦးမြို့ ရေသဖန်း ပရိယတ္တိ စာသင်ကျောင်းတိုက် အတွင်း၌ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသော (သာသနဝေပုလ္လ မင်္ဂလာဇေယျုံ) အုတ် ကျောင်းတိုက်ကြီးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့၏ စုပေါင်း ဆောက်လုပ် ပြီးစီးသွားသော အုတ်ကျောင်းတော်ကြီး ရေစက်ချပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက် ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ရေသဖန်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စိန္တိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်ကြသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က ရေသဖန်း ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လည်းကောင်း၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ဝါဆိုသင်္ကန်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းကြ၍ ဗဟုဇနဟိတဓရ ဘဒ္ဒန္တ တိက္ခမှ သာဓု အနုမောဒနာ တရား ချီးမြှင့်ပြီး၊ ရေသဖန်းကျောင်း ဂေါပက ဥက္ကဌ ဦးအေးကြူမှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ တံတားဦးမြို့ ရေသဖန်း ပရိယတ္တိ စာသင်ကျောင်းတိုက် (သာသနဝေပုလ္လ မင်္ဂလာဇေယျုံ) အုတ် ကျောင်းတိုက်သည် ၂၀၀၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ဒဏ်ကြောင့် ကျောင်းဆောင် ပျက်စီးခဲ့ပြီး၊ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်း မိသားစုမှ ကျပ်သိန်း (၁၀၀) မတည်၍ ပြန်လည် ပြင်ဆင် မွမ်းမံခဲ့ပြီး၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ရေစက်သွန်းချ နိုင်ခဲ့ခြင်းဖြစ်သည်။