Jul 9, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ၀ါဆိုသင်္ကန်းကပ်လှူပွဲ




၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ကျောက်ကုန်း ကျောင်းကြီးတိုက်၌ ၀ါဆိုဝါကပ်တော် မူကြမည့် သံဃာတော် (၈၃)ပါးအား ၀န်ထမ်း မိသားစုများ၏ ဧကဒဿမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းကြီး ကျောင်းတိုက် ရာပြည့်ကျောင်းတော်၌ မွန်းလွဲ (၁)နာရီတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကျောက်ကုန်းကြီး ကျောင်းတိုက် ပဓာနနာယက၊ မြို့နယ် သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တ၀ိသာရဒ နှင့် ပင့်သံဃာ အရှင်သူမြတ် (၁၅)ပါး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း နှင့်ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ ဇနီးများ၊ စက်ရုံမှူးများ၊ ၀န်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ကျောက်ကုန်း ကျောင်းကြီးတိုက် ပဓာနနာယက မြို့နယ် သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တ၀ိဿရဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြ၍ ဆရာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်ကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က ကျောက်ကုန်း ကျောင်းကြီးတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ိဿရဒထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၄င်းတို့၏ ဇနီးများ၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ကျောက်ကုန်း ကျောင်းကြီးတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ၀ိဿရဒမှ သာဓု အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပင့်သံဃာ အရှင်သူမြတ် (၁၅)ပါးတို့အား အချိုရည်များ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မွန်းလွဲ (၂)နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက်မှ သံဃာတော် အရှင်သူမြတ်တို့အား ၀န်ထမ်း မိသားစုများ၏ ပဉ္စမ အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ် အရှေ့ပိုင်း တိပိဋကမဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက် တိပိဋက ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြို ဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာ ဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြ၍ ပင့်သံဃာ အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြားချီးမြှင့်တော် မူကြသည်။ ယင်းနောက် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီတို့က တိပိဋက မဟာဂန္ထ၀င် ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာ ဘိဝံသထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၎င်းတို့၏ ဇနီးများနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်၊ ဘဒ္ဒ္ဒန္တ ၀ါယာမိန္ဒာ ဘိဝံသထံမှ သာဓု အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပင့်သံဃာ အရှင်သူမြတ်တို့အား အချိုရည်များဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ နံနက်ပိုင်းတွင် ကျောင်းကုန်းကြီး ကျောင်းတိုက်မှ သံဃာတော် (၈၃)ပါးနှင့် တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက်မှ သံဃာတော် အရှင်သူမြတ် (၅၄)ပါးတို့အား ရန်ကုန်မြို့ပေါ်ရှိ စက်ရုံမှူးများမှ နေ့ဆွမ်းနှင့် ၀ါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။