Jul 2, 2008

၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းသားသမီးများအား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား


၂၀၀၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော၊ အမှတ်(၁)စက်မှု ၀န်ကြီးဌာန၊ ၀န်ထမ်း သားသမီးများအား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီး ဦးအောင်သောင်းက ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ် တက္ကသိုလ် ၀င်တန်းတွင် (၅) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မောင်မြတ်ဘုန်းကျော်၊ မောင်ဝေယံအောင်၊ မဇင်မို့မို့အောင်နှင့် မထက်ထက်နိုင်တို့အား လည်းကောင်း၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်တို့က (၄) ဘာသာဂုဏ်ထူးရှင် (၂၂)ဦးတို့အား လည်းကောင်း၊ မြန်မာ့အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဦးသိန်းမောင်မှ (၃)ဘာသာဂုဏ်ထူးရှင် (၁၃)ဦးအား လည်းကောင်း၊ မြန်မာ့စားသောက်ကုန် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိုက်ထွန်းမှ (၂)ဘာသာဂုဏ်ထူးရှင် (၂၁)ဦးအား လည်းကောင်း၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေ၊ မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်တို့က (၁)ဘာသာဂုဏ်ထူးရှင် (၅၄)ဦးတို့အား လည်းကောင်း၊ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်တို့က နေပြည်တော်၊ ပျဉ်းမနား၊ ရမည်းသင်း၊ ရေနီ၊ ဇေယျဝတီမြို့နယ်များမှ တစ်ကျောင်းလုံး၌ အတန်းလိုက် ပထမဆုရရှိသူ သူငယ်တန်းမှ န၀မတန်းအထိ ဆုရကျောင်းသူ၊ ကျောင်းသား (၃၃)ဦးတို့အား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက် ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မဇင်မို့မို့အောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။