Apr 9, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ ဆေးဝါးနှင့် အလှူငွေများထောက်ပံ့ခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သော ပျဉ်းမနားခရိုင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား (၄-၄-၂၀၀၈)နှင့်(၅-၄-၂၀၀၈) ရက်နေ့များတွင် အောင်မြင်စွာခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား မျက်မှန်တပ်ဆင်ပေးခြင်း၊ အခမဲ့ဆေးဝါးများနှင့်ထောက်ပံ့ကြေးငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၆-၄-၂၀၀၈)ရက် နံနက် ၇နာရီတွင် နေပြည်တော်ရှိ ကုတင် ၃၀၀ ဆန့် ပြည်သူ့ဆေးရုံကြီး ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်မြို့တော်ဝန်၏ဇနီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းနွယ်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်နှင့် မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များက မျက်စိခွဲစိပ်ကုသပြီး ဝေဒနာရှင်များအား မျက်မှန်တပ်ဆင်ခြင်း၊ ဆေးဝါးပစ္စည်းများ အခမဲ့ ပေးဝေခြင်းနှင့် အလှူငွေများပေးအပ်ကြပြီး၊ မျက်စိခွဲစိပ်ကုသပြီး ဝေဒနာရှင်များအား ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေတို့က ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြား ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲ၌ ပျဉ်းမနားခရိုင်၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ၂၁၉၄ ဦးအနက် မျက်စိခွဲစိတ်ကုသပြီး ဝေဒနာရှင် ၃၄၈ ဦးတို့အား မျက်မှန်၊ ဆေးဝါးများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။