Apr 9, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနားကို (၆-၄-၂၀၈)ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ၊ ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာများ၊ ၀န်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်သည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၊ ဇနီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က စမ်းမြိုင်တောရကျောင်း ဆရာတော် ဓမ္မာစရိယ ဦးသူရိယထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာအရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီတို့က စမ်းမြိုင်တောရကျောင်းဆရာတော်အား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများက မစိုးရိမ်တိုက်သစ် မြို့လည်ကျောင်း၊ ကျောင်းသစ်ကျောင်း၊ အုန်းတောကျောင်းတို့မှ ပင့်သံဃာအရှင်သူမြတ်တို့အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် စမ်းမြိုင်တောရကျောင်းဆရာတော် ဓမ္မာစရိယဦးသူရိယမှ သာဓုအနုမောဒနာတရားနှင့် ရေစက်ချတရား ဟောကြား ချီးမြှင့်ပြီး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့်ဇနီး၊ ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး ပင့်သံဃာအရှင်သူမြတ်တို့နှင့် စက်မှု(၁)၀န်ကြီးဌာနတို့မှ ဒုလ္လပတ် ရဟန်း၊ သံဃာများနှင့်သီလရှင်များအား ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ၀န်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။