Apr 3, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း စက်ရုံဝန်ထမ်းများနှင့် အသင်းဝင်များအား တွေ့ဆုံမှာကြား


အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် (၂၉-၃-၂၀၀၈)ရက်နေ့ နံနက် ၈နာရီက အင်းစိန်မြို့နယ် မြန်မာ့ဆေးဝါး နှင့်အိမ်သုံးပစ္စည်းလုပ်ငန်း မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ၌ ရန်ကုန်နယ်မြေရှိ ဝန်ကြီးဌာနမှ စက်ရုံမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း သည် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ အစည်းအဝေးခန်းမဆောင်၌ ဗဟန်း၊ တာမွေ၊ ပန်းဘဲတန်းမြို့နယ်တို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသင်းအတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များက တင်ပြဆွေးနွေးကြပြီး ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားပါသည်။