Mar 28, 2008

(၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေးချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ


၂၀၀၈ ခုနှစ်၊ (၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေးချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ အခမ်းအနားကို ၂၇-၃-၂၀၀၈ ရက်နေ့ ၉နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်း၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၏ မိသားစုများ၊ ဦးစီးဌာနနှင့် လုပ်ငန်းအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာများ၊ ဖိတ်ကြားထားသူများ၊ ၀န်ထမ်းများနှင့်မိသားစုများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကံထူးရှင်ရွေးချယ်ပွဲကို ဆုမဲများအား အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်မောင်မောင်သိမ်း၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့က ကွန်ပျူတာခလုတ်နှိပ်၍ ရွေးချယ်ပေးကြသည်။
ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏မိသားစုများ၊ အထူးဖိတ်ကြားထားသူများကလည်းကောင်း၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၄င်းတို့၏ဇနီး များက ကွန်ပျူတာစက်ခလုတ်နှိပ်၍ ဆုမဲများအား ရွေးချယ်ပေးကြသည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အမှတ်(၁)စက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆေးဝါးနှင့်အိမ်သုံး ပစ္စည်းလုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း၊ မြန်မာ့အထည်အလိပ်လုပ်ငန်းနှင့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဌာနများမှ ရောင်းချလျှက်ရှိသော ဆေးဝါး နှင့်လူသုံးကုန်ပစ္စည်းများ၊ ကြွေရည်စိမ်ပစ္စည်းများ၊ စက္ကူနှင့်စာရေးကိရိယာများ၊ စတီးလ်နှင့်အိမ်သုံးပစ္စည်းများ၊ ထီး၊ ဖိနပ်၊ အ၀တ်အထည်ပစ္စည်းအမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းများရောင်းချမှုအခြေအနေအား လိုက်လံကြည့်ရှု့စစ်ဆေးကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၂၇-၃-၂၀၀၈ ရက်နေ့ နံနက် ၁၀နာရီခွဲတွင် (၆၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကျသော မန္တလေးတိုင်း အတွင်းမှ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင် များအား အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းက အမှာစကားပြောကြားရာတွင် အသင်းကြီး၏ ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဒေသလုပ်ငန်းစဉ်(၅)ရပ်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြည်သူနှင့် တစ်သားတည်း ထိတွေ့နေထိုင်၍ အာရုံစူးစိုက်ဆောင်ရွက်ကြရန်၊ အသင်းကြီး၏ အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရာတွင် မိမိလူမှုရေးအဖွဲ့အစည်းများနှင့် တက်ညီလက်ညီ ပူးပေါင်းကြရန် အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။