Jan 29, 2008

Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဆင်းပွဲအခမ်းအနား

နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၀၈) (နေပြည်တော်)ကို ၉-၁-၂၀၀၈ ရက်နေ့မှ ၂၈-၁-၂၀၀၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား/သူ (၅၃)ဦး တက်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန သင်တန်းခန်းမဆောင်၌ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။