May 6, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် (၂၈-၄-၂၀၀၈)ရက်နေ့ နံနက် (၇)နာရီတွင် ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့ မြ၀တီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်း၊ သစ်ပင်ရိပ်၌ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်း ရေးမှူး၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၆)အုပ်စုမှ ဒေသခံပြည်သူ(၁၅၃၀၀)ဦးအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် လက်ရှိ နိုင်ငံတော်အေးချမ်းတည်ငြိမ် လျက်ရှိကြောင်း၊ ရရှိထားသောငြိမ်းချမ်းရေးကို ပြည်သူများက ထိန်းသိမ်းဖို့လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ ချမှတ်ပြီးဖြစ်ကြောင်း၊ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားသော လူတန်းစားတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အခြေအနေ ကောင်းများ ဖန်တီးပေးပြီးဖြစ်သည့်အတွက် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ အဓိကတာဝန်မှာ နိုင်ငံတော်ကြီးမပြိုကွဲဘဲ ဆက်လက်၍ စည်းလုံးညီညွတ်စွာ တည်တံ့နေဖို့လိုကြောင်း၊ ထို့ကြောင့် နောက်ဆုံးပေါ်ပေါက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူလူထု တစ်ရပ်လုံးကတစ်ညီတစ်ညွတ်တည်း ထောက်ခံသွားဖို့လိုကြောင်း၊ သို့မှသာလျှင် နိုင်ငံတော်ကြီးတည်တံ့အောင် အေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။