Apr 8, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး


အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်းနှင့် ၂၀၀၈-၂၀၀၉ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို (၄-၄-၂၀၀၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာ များ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလုပ်ငန်းဌာနအလိုက် စက်ရုံမှူးများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်များကို ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ညွှန်ကြားရေးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်မှ လျှပ်စစ်ဘွိုင်လာစစ်ဆေးခြင်း၊ စက်မှု လုပ်ငန်းလိုင်စင်များ ဆောင်ရွက်ထားရှိမှုနှင့် ရည်မှန်းချက်တာဝန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်က ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းများ၏ တင်ပြဆွေးနွေး ချက်များအပေါ် ခြုံငုံသုံးသပ်တင်ပြဆွေးနွေးပြီး၊ အမှတ်(၁)စက်မှုဝန်ကြီး ဦးအောင်သောင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။