၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီမိသားစုတို့၏ (၁၄)ကြိမ်မြောက် ကထိန်လျာသင်္ကန်းနှင့် အခြံအရံပစ္စည်းများ ဆပ်ကပ် လှူဒါန်းပွဲနှင့် တောင်သာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းပဒေသာပင် ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ကျောက်ကာကျေးရွာ မဟာဗောဓိကျောင်းတိုက်၌ကျင်းပခဲ့ပြီး ပင့်သံဃာ(၁၀၈)ပါးတို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နေ့လည် ၁၂ နာရီတွင် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီမိသားစုနှင့်အလှူရှင်များမှ သက်ကြီးဘိုးဘွား(၇၆)ဦးတို့အား ဂါရ၀ပြုလက်ဆောင်များပေးအပ် ခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စည်းရုံးရေးမှူးကြီးများ၊ အသင်းဝင်များ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း တက်ရောက်အမှာစကားပြောကြားရာ ၀န်ကြီးမှ ဒေသခံများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေး၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပြည်သူတို့နှင့်အတူ တက်တက်ကြွကြွ လုပ်ကိုင်ကြရန် မှာကြားပါသည်။