၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှု ၀န်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့်မိသားစုများ၊ အလှူရှင်များက ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူ ကျောင်းစာသင်တိုက်တွင် သံဃာတော်အရှင်သူမြတ်တို့ထံ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်အိတ် ၅၀၊ ဆီ ၁ ပေပါ၊ ကုလားပဲ ၁၀ တင်းနှင့် ဆား ၅ အိတ်တို့အား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီးဦးအောင်သောင်းသည် မိတ္ထီလာမြို့၊ ရေဝေကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ ကျောင်းခန်းမဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။