Dec 20, 2007

ပထမအကြိမ် ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ
၂၀၀၇ ခုနှစ် ပထမအကြိမ် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဒိုင်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ အခမ်းအနားကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းတွင် (၄-၁၂-၂၀၀၇)ရက်နေ့၌ကျင်းပပြုလုပ်ရာ ဗိုလ်စွဲခဲ့သော သာပေါင်းဘောလုံး အသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ဆုကြေးငွေကျပ် ၅ သိန်းအား အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းမှ ချီးမြှင့် ပေးခဲ့ပါသည်။
ဗိုလ်လုပွဲတွင် ရေနီ/ရမည်းသင်းအသင်းနှင့်သာပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်ပြည့်သည်အထိ တစ်ဘက်တစ်ဂိုးစီ ဖြင့် သရေပွဲဖြစ်ပြီး၊ အချိန်ပိုကစားရာတွင် သာပေါင်းဘောလုံးအသင်းမှ အနိုင်ဂိုးတစ်ဂိုး ထပ်မံရရှိသဖြင့် (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိ သွားသည်။
ပြိုင်ပွဲတွင် ရေနီ/ရမည်းသင်းအသင်းက ဒုတိယ၊ ပွင့်ဖြူအသင်းမှ တတိယ၊ ပုလိပ်သင်းက စတုတ္ထရရှိခဲ့ကြသည်။