Jun 11, 2008

ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့်
လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ


အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ရုံးသုံးကွန်ပျူတာ အဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၄)ရက်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာန သင်တန်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများနှင့် သင်တန်းသား သင်တန်းသူ (၉၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည် ဖြစ်သည်။

May 6, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် (၂၈-၄-၂၀၀၈)ရက်နေ့ နံနက် (၇)နာရီတွင် ပျဉ်းမနားခရိုင်၊ နေပြည်တော်၊ တပ်ကုန်းမြို့ မြ၀တီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်း၊ သစ်ပင်ရိပ်၌ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်း ရေးမှူး၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၆)အုပ်စုမှ ဒေသခံပြည်သူ(၁၅၃၀၀)ဦးအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် လက်ရှိ နိုင်ငံတော်အေးချမ်းတည်ငြိမ် လျက်ရှိကြောင်း၊ ရရှိထားသောငြိမ်းချမ်းရေးကို ပြည်သူများက ထိန်းသိမ်းဖို့လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ ချမှတ်ပြီးဖြစ်ကြောင်း၊ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားသော လူတန်းစားတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အခြေအနေ ကောင်းများ ဖန်တီးပေးပြီးဖြစ်သည့်အတွက် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ အဓိကတာဝန်မှာ နိုင်ငံတော်ကြီးမပြိုကွဲဘဲ ဆက်လက်၍ စည်းလုံးညီညွတ်စွာ တည်တံ့နေဖို့လိုကြောင်း၊ ထို့ကြောင့် နောက်ဆုံးပေါ်ပေါက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူလူထု တစ်ရပ်လုံးကတစ်ညီတစ်ညွတ်တည်း ထောက်ခံသွားဖို့လိုကြောင်း၊ သို့မှသာလျှင် နိုင်ငံတော်ကြီးတည်တံ့အောင် အေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် အသင်းဝင်များသည် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာ၊ မိုးကောင်းကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် တောင်ပြုံးကြီးကျေးရွာ၊ မိုးကောင်းကျောင်းတိုက်ဝင်း သစ်ပင် ရိပ်၌ ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှု ဆောင်များ၊ စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ(၁၀၁၀၀)ဦးအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မရှိသေးသဖြင့် ဥပဒေကိုရေးဆွဲရခြင်းဖြစ်ကြောင်း၊ အခြေခံ ဥပဒေသည် လူတစ်ဦးချင်း၊ ဒေသတစ်ခုချင်းနှင့် တိုင်းပြည်အတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ မျက်မှောက်ကာလ ပကတိ အခြေအနေမှန်များကို အခြေပြုလျက် အနာဂတ်အတွက်မျှော်မှန်းရေးဆွဲထားသော အခြေခံဥပဒေသစ်ဖြစ်ကြောင်း၊ အခြေခံဥပဒေ ရှိမှသာ ရွေးကောက်ပွဲပြုလုပ်ပြီး၊ အာဏာလွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်း၊ အခြေခံဥပဒေရှိမှသာလျှင် ဒီမိုကရေစီနိုင်ငံတော်သစ် ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာ မှန်ကန်သော အသိစိတ်ဓါတ်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အတည်ပြုဖို့လိုကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားရာ တောင်ပြုံးကြီး၊ သရက်တော၊ သဲကော၊ စက်ထိပ်ကျေးရွာများမှ ဒေသခံပြည်သူလူထု ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ရာနှုန်းပြည့်ထောက်ခံမည် ဖြစ်ကြောင်း ၄င်းတို့၏သဘောဆန္ဒဖြင့် ဂတိပြုပြောကြားကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် နံနက် ၉ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၊ သာသနရက္ခိတ ကျောက်မီးကျောင်း၊ စိတ္တသုခဆွမ်းစားကျောင်းဆောင်၌ ဘဒ္ဒ န္တဇနက အမှူးပြုသော သံဃာတော်အရှင်သူမြတ် တို့အား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းသည် ကျောက်မီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်း သစ်ပင်ရိပ်၌ ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း၊ ခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ၀ံသာနု(NLD)အဖွဲ့ဝင်များ၊ ကျောက်မီးကျေးရွာပတ်ဝန်းကျင် ကျေးရွာအုပ်စု (၂၅)အုပ်စုမှ ဒေသခံပြည်သူ (၂၃၁၅၀)ဦးအားတွေ့ဆုံ၍ ထိုနည်းတူ အမှာစကားပြောကြားရာ လက်သစ်၊ အုန်းချော၊ ကျောက်မီး၊ တက်ကောင်း နှင့်မြောက်တကိုင်းရှင်ကျေးရွာများမှ ဒေသခံပြည်သူလူထုကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ရာနှုန်းပြည့် ထောက်ခံ မည်ဖြစ်ကြောင်း၊ ၄င်းတို့၏ သဘောဆန္ဒဖြင့် ဂတိပြုပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။

May 2, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် တာဝန်ရှိသူများသည် (၂၅-၄-၂၀၀၈) ရက်နေ့ နံနက် (၇)နာရီတွင် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက် တိုက်ကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ အေးငြိမ်းချမ်းသာ ဆွမ်းစားကျောင်း၌ မြို့နယ်သံဃာ့နာယက ဥက္ကဌ၊ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတဆရာတော် ပညာဗလအမှူးပြုသော မြို့နယ်သြ၀ါဒစရိယဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစရှိသော လှူဖွယ် ၀တ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်ဝင်း အတွင်း၌ ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ စည်းရုံးရေး မှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စစ်မှုထမ်းဟောင်းအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ (၂၀၀၃၅)ဦးအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်နှင့်လူမျိုးအတွက် အဓိကလိုအပ်ကြောင်း၊ နိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေရှိမှ ရွေးကောက်ပွဲပြုလုပ်ပြီး၊ အာဏာလွှဲပြောင်းပေးလို့ ရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေရှိမှ ဒီမိုကရေစီနိုင်ငံတော်ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် ထိန်းကြောင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက်ပြည်သူလူထုအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)အား အတည်ပြုဖို့လိုကြောင်း အကျယ်တ၀င့်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် နံနက် ၁၀နာရီတွင် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့ မေဃ၀န်ကျောင်း၊ ပရိယတ္တိသာသနဝေပုလ္လဓမ္မဗိမာန်၌ မြို့နယ်သံဃာ့နာယက ဥက္ကဌဆရာတော် ဦးကေသရ အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုပြီး
သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်းသည် အောင်ကြံဇေယျ မြသိန်းတန်ဘုရားဝင်း သစ်ပင်ရိပ်၌ ဌာနဆိုင်ရာများ၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး၊ အလုပ်အမှူဆောင်များနှင့် စည်းရုံးရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၉)အုပ်စုမှ ဒေသခံပြည်သူ (၁၆၄၀၀)ဦးတို့အားတွေ့ဆုံ၍ ထိုနည်းတူ အမှာစကားပြောကြားရာ လက်ဆောင်ယူ၊ မီးသွေးတိုက်၊ တံတားဦး၊ ဗျူကံ၊ ချောင်းခွ၊ ချောင်းဆုံကျေးရွာဒေသများမှ ပြည်သူလူထုကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ရာနှုန်းပြည့်ထောက်ခံမည် ဖြစ်ကြောင်း၊ ၄င်းတို့၏သဘောဆန္ဒဖြင့် ဂတိပြုပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားရုတ်သိမ်းလိုက်သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးဦးအောင်သောင်းသည် မွန်းလွဲ ၂နာရီတွင် မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ မန္တလေး ဘီယာစက်ရုံ၊ ကနောင်ခန်းမ၌ မန္တလေးတိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရေးမှူးများ၊ အလုပ်အမှု ဆောင်များအားတွေ့ဆုံ၍ မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အခြေခံဥပဒေအား သဘောပေါက်နားလည်စွာဖြင့် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း အကြွင်းအကျန်မရှိ ဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများနှင့် မြို့နယ်များ၏ စည်းရုံးရေးကိစ္စရပ်များကို မှာကြားခဲ့ပါသည်။



Apr 9, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနား

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့်ဇနီးဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာရေစက်ချပွဲ အခမ်းအနားကို (၆-၄-၂၀၈)ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ၊ ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာများ၊ ၀န်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်သည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၊ ဇနီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က စမ်းမြိုင်တောရကျောင်း ဆရာတော် ဓမ္မာစရိယ ဦးသူရိယထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာအရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီတို့က စမ်းမြိုင်တောရကျောင်းဆရာတော်အား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများက မစိုးရိမ်တိုက်သစ် မြို့လည်ကျောင်း၊ ကျောင်းသစ်ကျောင်း၊ အုန်းတောကျောင်းတို့မှ ပင့်သံဃာအရှင်သူမြတ်တို့အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် စမ်းမြိုင်တောရကျောင်းဆရာတော် ဓမ္မာစရိယဦးသူရိယမှ သာဓုအနုမောဒနာတရားနှင့် ရေစက်ချတရား ဟောကြား ချီးမြှင့်ပြီး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့်ဇနီး၊ ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး ပင့်သံဃာအရှင်သူမြတ်တို့နှင့် စက်မှု(၁)၀န်ကြီးဌာနတို့မှ ဒုလ္လပတ် ရဟန်း၊ သံဃာများနှင့်သီလရှင်များအား ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ၀န်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ခွဲစိပ်ပေးခဲ့သော မျက်စိဝေဒနာရှင်များအား မျက်မှန်၊ ဆေးဝါးနှင့် အလှူငွေများထောက်ပံ့ခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သော ပျဉ်းမနားခရိုင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား (၄-၄-၂၀၀၈)နှင့်(၅-၄-၂၀၀၈) ရက်နေ့များတွင် အောင်မြင်စွာခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား မျက်မှန်တပ်ဆင်ပေးခြင်း၊ အခမဲ့ဆေးဝါးများနှင့်ထောက်ပံ့ကြေးငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၆-၄-၂၀၀၈)ရက် နံနက် ၇နာရီတွင် နေပြည်တော်ရှိ ကုတင် ၃၀၀ ဆန့် ပြည်သူ့ဆေးရုံကြီး ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်မြို့တော်ဝန်၏ဇနီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းနွယ်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်နှင့် မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များက မျက်စိခွဲစိပ်ကုသပြီး ဝေဒနာရှင်များအား မျက်မှန်တပ်ဆင်ခြင်း၊ ဆေးဝါးပစ္စည်းများ အခမဲ့ ပေးဝေခြင်းနှင့် အလှူငွေများပေးအပ်ကြပြီး၊ မျက်စိခွဲစိပ်ကုသပြီး ဝေဒနာရှင်များအား ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေတို့က ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြား ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲ၌ ပျဉ်းမနားခရိုင်၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ၂၁၉၄ ဦးအနက် မျက်စိခွဲစိတ်ကုသပြီး ဝေဒနာရှင် ၃၄၈ ဦးတို့အား မျက်မှန်၊ ဆေးဝါးများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များအား ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သော နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း မြို့နယ်တို့မှ အခမဲ့ဆေးဝါးကုသလျှက်ရှိသော မျက်စိဝေဒနာရှင်များအား (၅-၄-၂၀၀၈)ရက်နေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က နေပြည်တော် ခုတင် ၃၀၀ ဆန့် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ရန်ကုန်မြို့တော်ဝန်၏ဇနီး မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းနွယ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ရှေးဦးစွာ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးနှင့်ဇနီးတို့သည် ရဟန်းရှင်လူပြည်သူ မျက်စိခွဲစိပ်ပြီးလူနာများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ မျက်စိခွဲစိပ်မည့်ဝေဒနာရှင်များကိုလည်းကောင်း၊ ခွဲစိပ်ခန်းအတွင်း မျက်စိဝေဒနာရှင်များ ခွဲစိပ်ကုသနေမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား (၄-၅-၂၀၀၈)နှင့်(၅-၅-၂၀၀၈) ရက်နေ့တွင် မျက်စိဝေဒနာရှင် ၂၁၉၄ ဦး ကုသမှုကိုခံယူပြီး မျက်စိဝေဒနာရှင် ၃၄၈ ဦးအား ခွဲစိပ်ကုသပေးပြီး ကျန်လူနာများအား မျက်မှန်များအခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ပါသည်။

Apr 8, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်း နှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်ပေးအပ်ခြင်း အစည်းအဝေး


အမှတ်(၁)စက်မှုဝန်ကြီးဌာန ၂၀၀၇-၂၀၀၈ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်ခြင်းနှင့် ၂၀၀၈-၂၀၀၉ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို (၄-၄-၂၀၀၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာ များ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလုပ်ငန်းဌာနအလိုက် စက်ရုံမှူးများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် ရည်မှန်းချက်တာဝန်များကို ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ညွှန်ကြားရေးမှူးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်မှ လျှပ်စစ်ဘွိုင်လာစစ်ဆေးခြင်း၊ စက်မှု လုပ်ငန်းလိုင်စင်များ ဆောင်ရွက်ထားရှိမှုနှင့် ရည်မှန်းချက်တာဝန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်က ဦးစီးဌာနနှင့်စက်မှုလုပ်ငန်းများ၏ တင်ပြဆွေးနွေး ချက်များအပေါ် ခြုံငုံသုံးသပ်တင်ပြဆွေးနွေးပြီး၊ အမှတ်(၁)စက်မှုဝန်ကြီး ဦးအောင်သောင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။

Apr 3, 2008

တောင်သာမြို့နယ်နှင့် မြို့သစ်မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

(၂၄)ကြိမ်မြောက် တောင်သာမြို့နယ်အသင်း(ရန်ကုန်) နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၃၀-၃-၂၀၀၈)ရက်နေ့ နံနက် ၈နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပသည်။
ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာ ခင်မောင်ဆွေနှင့် အသင်းနာယက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းတို့က အမှာစကားပြောကြားသည်။
ယင်းနောက် ၂၀၀၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့အား အသင်းနာယက ဝန်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီ မိသားစုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။
ဆက်လက်၍ အလှူရှင် ၃၇ ဦးက စုစုပေါင်းငွေကျပ် ၁၈၅၆၀၀၀ကို ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် တောင်သာမြို့နယ်အသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးသန်းအောင်က အလုပ်အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားတင်သွင်း ၍ အစည်းအဝေး၏ အတည်ပြုချက်ရယူကြသည်။ ယင်းနောက် အသင်းဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အလားတူ စတုတ္ထအကြိမ် မြို့သစ်မြို့နယ်အသင်း(ရန်ကုန်) နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့သစ်မြို့နယ်အသင်း(ရန်ကုန်) ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ကြည်ဝင်း(ငြိမ်း)နှင့် ဂုဏ်ထူးဆောင်နာယက အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၀၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော လေးဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ထူးဆောင်နာယက ဝန်ကြီး ဦးအောင်သောင်းနှင့် အလှူရှင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အသင်းအတွင်းရေးမှူး ဦးခင်မောင်မြင့်က အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာများကို တင်ပြပြီး အစည်းအဝေး၏ အတည်ပြုချက်ရယူကြသည်။
ယင်းနောက် အသင်းဥက္ကဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း စက်ရုံဝန်ထမ်းများနှင့် အသင်းဝင်များအား တွေ့ဆုံမှာကြား


အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် (၂၉-၃-၂၀၀၈)ရက်နေ့ နံနက် ၈နာရီက အင်းစိန်မြို့နယ် မြန်မာ့ဆေးဝါး နှင့်အိမ်သုံးပစ္စည်းလုပ်ငန်း မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ၌ ရန်ကုန်နယ်မြေရှိ ဝန်ကြီးဌာနမှ စက်ရုံမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း သည် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ အစည်းအဝေးခန်းမဆောင်၌ ဗဟန်း၊ တာမွေ၊ ပန်းဘဲတန်းမြို့နယ်တို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသင်းအတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များက တင်ပြဆွေးနွေးကြပြီး ဗဟိုအတွင်းရေးမှူး ဝန်ကြီး ဦးအောင်သောင်းက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားပါသည်။

Mar 28, 2008

(၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေးချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ


၂၀၀၈ ခုနှစ်၊ (၆၃)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျော်ပွဲရွှင်ပွဲကံထူးရှင်ရွေးချယ်ပွဲနှင့် စတုဒီသာကျွေးမွေးပွဲ အခမ်းအနားကို ၂၇-၃-၂၀၀၈ ရက်နေ့ ၉နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်း၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၏ မိသားစုများ၊ ဦးစီးဌာနနှင့် လုပ်ငန်းအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာများ၊ ဖိတ်ကြားထားသူများ၊ ၀န်ထမ်းများနှင့်မိသားစုများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကံထူးရှင်ရွေးချယ်ပွဲကို ဆုမဲများအား အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်မောင်မောင်သိမ်း၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့က ကွန်ပျူတာခလုတ်နှိပ်၍ ရွေးချယ်ပေးကြသည်။
ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏မိသားစုများ၊ အထူးဖိတ်ကြားထားသူများကလည်းကောင်း၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၄င်းတို့၏ဇနီး များက ကွန်ပျူတာစက်ခလုတ်နှိပ်၍ ဆုမဲများအား ရွေးချယ်ပေးကြသည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အမှတ်(၁)စက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆေးဝါးနှင့်အိမ်သုံး ပစ္စည်းလုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း၊ မြန်မာ့အထည်အလိပ်လုပ်ငန်းနှင့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဌာနများမှ ရောင်းချလျှက်ရှိသော ဆေးဝါး နှင့်လူသုံးကုန်ပစ္စည်းများ၊ ကြွေရည်စိမ်ပစ္စည်းများ၊ စက္ကူနှင့်စာရေးကိရိယာများ၊ စတီးလ်နှင့်အိမ်သုံးပစ္စည်းများ၊ ထီး၊ ဖိနပ်၊ အ၀တ်အထည်ပစ္စည်းအမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းများရောင်းချမှုအခြေအနေအား လိုက်လံကြည့်ရှု့စစ်ဆေးကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၂၇-၃-၂၀၀၈ ရက်နေ့ နံနက် ၁၀နာရီခွဲတွင် (၆၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကျသော မန္တလေးတိုင်း အတွင်းမှ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင် များအား အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းက အမှာစကားပြောကြားရာတွင် အသင်းကြီး၏ ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဒေသလုပ်ငန်းစဉ်(၅)ရပ်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြည်သူနှင့် တစ်သားတည်း ထိတွေ့နေထိုင်၍ အာရုံစူးစိုက်ဆောင်ရွက်ကြရန်၊ အသင်းကြီး၏ အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရာတွင် မိမိလူမှုရေးအဖွဲ့အစည်းများနှင့် တက်ညီလက်ညီ ပူးပေါင်းကြရန် အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။

Mar 26, 2008

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် ၁၄-၃-၂၀၀၈ ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ် ၊မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသအား ဖူးမြော်ကြည်ညို၍ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြိးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် ဇယမေဒနီ သက်တော်ရှည်ကျောင်း ၌ ရွှေကျင်သာသနာပိုင်၊ နိုင်ငံတော်သြ၀ါဒစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တအဂ္ဃိယအား ဖူးမြော်ကြည်ညို၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မြတောင်တိုက် သာသနာ့ပါလ ရွှေဝါ၀င်းကျောင်း၌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ သာသနာဘိဝံသအားလည်းကောင်း ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစ ရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၁၅-၃-၂၀၀၈ ရက်နေ့ မွန်းလွဲ ၃နာရီတွင် မန္တလေးမြို့၊ ငါးစို့ကျောင်းတိုက်သို့ရောက်ရှိပြီး တိုက်အုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒိမာအား ဖူးမြော် ကြည်ညိုပြီး သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အမှတ်(၂)ဘုန်းတော်ကြီးကျောင်း မိဘမဲ့ကလေးများအား စားသောက်ခန်းမ၌ကြည့်ရှု့၍ အားပေးစကားပြော ကြားသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးဦးအောင်သောင်းနှင့်အဖွဲ့သည် အမှတ်(၂)ဘုန်းတော်ကြီးကျောင်း ဇမ္ဗူရာဇ်(၃)ထပ်ကျောင်း ဆောင်၌ မိဘမဲ့ကလေးများကျားကျောင်းပညာသင်ကြားသည့် စာသင်ခန်းများ၊ စာကြည့်ခန်း AUDIO LAB၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုပြင်ဆင်ရေးခန်းနှင့် ကွန်ပျူတာသင်ကြားမှုအခြေအနေအား ကြည့်ရှု့ပြီး မိဘမဲ့ကလေးများကျားကျောင်းအတွက် ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းမှ ဆန်အိတ်(၆၀)အိတ်၊ ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၂၀၀နှင့် ကွန်ပျူတာများပြင်ဆင်အသုံးပြုရန် ငွေကျပ်သိန်း ၂၀ အား လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးဦးအောင်သောင်းသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၊ ချောမြတ်နွယ်သုံးထပ်ကျောင်းဆောင်တွင် မဟာနာယက ချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဏိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တကုဏ္ဍလာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး ဆေး၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။

Jan 29, 2008

စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး(၁/၂၀၀၈)သို့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်အမှာစကားပြောကြား

စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး(၁/၂၀၀၈)ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၆)ရက်နေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်၍ အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယ၀န်ကြီးများ၊ ဆပ်ကော်မတီဥက္ကဌများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် အစိုးရအဖွဲ့ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီဝင်များနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အဖွင့်အမှာ စကားပြောကြားရာ၌ နိုင်ငံတော်၌စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန် ၁၈ဇုန်၊ ဇုန်ခွဲ ၂၈ခု၌ တာဝန်ခံကြီးများကို တာဝန်ပေးပြီး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် မပြတ်ထိတွေ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် တိုးတက် အောင်မြင်မှုများကိုလည်း မြင်တွေ့နေရပြီဖြစ်သည်။
စက်မှုလုပ်ငန်းများတိုးချဲ့နိုင်ရေးဆောင်ရွက်သည့်နေရာ၌ ရေတိုအနေဖြင့် ပြည်တွင်းသယံဇာတကိုအခြေခံသည့် သွင်းကုန် အစားထိုး စက်မှုထုတ်ကုန်သာမက ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်စွမ်းရှိသည့်ပို့ကုန်များကိုပါ ထုတ်လုပ်သွားနိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ ရေရှည်တွင် လျှပ်စစ်စွမ်းအားတိုးမြှင့်ထုတ်လုပ်ရေး၊ စွမ်းအင်အလုံအလောက်ရရှိရေး၊ နည်းပညာများရယူအသုံး ပြုပြီး ကုန်ထုတ်လုပ်မှုနှင့် အရည်အသွေးမြှင့်တင်နိုင်ရေး၊ ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်ပျိုးထောင်ပြုစုရေး၊ ငွေကြေးနှင့် အရင်းအနှီးစုဆောင်းနိုင်ရေး စသည်များကို စီမံဆောင်ရွက်သွားရမည်ဖြစ်သည်။
ထို့နောက် စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီ အတွင်ရေးမှူး၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက ရှင်းလင်းတင်ပြရာတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချမှတ်ပေးသည့် ဦးတည်ချက်(၅)ရပ်နှင့်အညီ မျက်ခြည်မပြတ် တစိုက်မတ်မတ် အလေးထားအကောင်အထည်ဖော် စီမံဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးအပြီးတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးအ၀င်ခန်းမဆောင်ကြီး၌ ခင်းကျင်းစီစဉ်ပြသထားသည့် အမှတ်(၁)စက်မှု ၀န်ကြီးဌာနအောက်ရှိ မြန်မာ့အထည်အလိပ်လုပ်ငန်း၊ မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်း ရေးစက်မှုလုပ်ငန်း၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်း လုပ်ငန်းတို့၏စက်ရုံများမှ ထုတ်လုပ်ထားသော လူသုံး၊ အိမ်သုံးပစ္စည်းများကို ကြည့်ရှု့စစ်ဆေး အားပေးကြရာ ၀န်ကြီး ဦးအောင်သောင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၁)စက်မှုဝန်ကြီးဌာန ယာဉ်ရပ်နားနေရာ၌ ခင်းကျင်းစီစဉ် ပြသထားသည့် ၀န်ကြီးဌာနများ၏ပြခန်းများ၊ စက်မှုဇုန်များ၏ ပြခန်းများကို ကြည့်ရှု့စစ်ဆေးအားပေးကြရာ ရှေးဦးစွာ မန္တလေး စက်မှုဇုန်၊ မန္တလေးတော်ဝင် စက်မှုလက်မှု ကုမ္ပဏီလီမိတက်၏ ကြက်ဆူဆီကြိတ်စက်၊ ဆီသန့်စင်စက်နှင့် စက်အရန်ပစ္စည်း အမျိုးမျိုး တို့ကိုလည်းကောင်း၊ ကုမ္ပဏီ၏ နှစ်အလိုက်လယ်ယာသုံး၊ မော်တော်ယာဉ်သုံး စက်အရန်ပစ္စည်းများ ထုတ်လုပ်သွားရန် စီစဉ်ထားရှိမှု များကိုလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် စက်မှုဇုန်များကထုတ်လုပ်သည့် မော်တော်ယာဉ်ငယ်အမျိုးမျိုး၊ မော်တော်ဆိုင်ကယ်အမျိုးမျိုး၊ သုံးဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုးနှင့် စပါးခြွေလှေ့စက်၊ ခြေနင်းစပါးခြွေစက် စသည်တို့ကို ကြည့်ရှု့ စစ်ဆေး အားပေးခဲ့သည်။

Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဆင်းပွဲအခမ်းအနား

နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၀၈) (နေပြည်တော်)ကို ၉-၁-၂၀၀၈ ရက်နေ့မှ ၂၈-၁-၂၀၀၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား/သူ (၅၃)ဦး တက်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန သင်တန်းခန်းမဆောင်၌ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

Jan 22, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်း မြစ်သားချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း) လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေး

အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ အနောက်ဘက် မိုင်တိုင်အမှတ်(၃၈၇)တွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာ့အထည်အလိပ် လုပ်ငန်း၊ မြစ်သားချည်မျှင်စက်ရုံ (စီမံကိန်း) လုပ်ငန်းခွင်အတွင်း ရောက်ရှိပြီးအဆောက်အဦများ တည်ဆောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ကြရန်၊ စီမံကိန်းစက်ရုံအတွက် တပ်ဆင်မည့် စက်ပစ္စည်း အစိတ်အပိုင်းများကို စနစ်တကျထားသို၍ တပ်ဆင်အသုံးပြုကြရန် မှာကြားခဲ့သည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၈ခုနှစ် ဇန်နဝါရီလ၂၁ရက်နေ့ မွန်းလွဲ(၃)နာရီတွင် မြန်မာ့အထည်အလိပ်လုပ်ငန်း ပျော်ဘွယ်ချည်မျှင်စက်ရုံ (စီမံကိန်း)သို့ ရောက်ရှိရာ စီမံကိန်းလုပ်ငန်းများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်မှုအား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း ကျောက်ဆည်မြို့ ကျောက်ဆည်စက်မှုနယ်မြေရှိ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခြင်း

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း၏ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ(အင်ရောင်း) ဖွင့်ပွဲ အခမ်းအနား ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်အားပေးချီးမြှင့်ပါသည်။
ရှေးဦးစွာ အခမ်းအနားပထမပိုင်းကို အဆိုပါစက်ရုံရှေ့၌ကျင်းပရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသန်းရွှေ၊ ကျောက်ဆည်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးခင်မောင်မြင့်နှင့် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (အင်ရောင်း) စက်ရုံမှူး ဦးကိုကိုလွင်တို့က စက်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အခမ်းအနား ပထမပိုင်းကို ရုတ်သိမ်းလိုက်သည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို စက်ရုံဝင်းအတွင်းရှိမင်္ဂလာမဏ္ဍပ်၌ဆက်လက်ကျင်းပရာ မန္တလေးတိုင်း အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေက အမှာစကား ပြောကြားသည်။
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းမှ စက်ရုံတည်ဆောက်ရခြင်းအကြောင်းကို ရှင်းလင်း ပြောကြား၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။
၎င်းနောက် မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသန်းရွှေမှ ကျောက်ဆည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ကျောက်ဆည်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာအထက်တန်း ကျောင်းများသို့ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါစက်ရုံသည် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အင်ရောင်းကျေးရွာအနီး၌တည်ရှိပြီး စက်ရုံ၏ ထုတ်လုပ်မှုစွမ်းအားမှာ တစ်ခါသုံးဆေးထိုးအပ် သန်း ၃၀၊ ၅၀၀ ml သွေးကြောသွင်းဆေးရည် ပုလင်း(၂ဒသမ၅)သန်းနှင့် ထိုးဆေးသန်း ၅၀ ထုတ်လုပ် နိုင်မည်ဖြစ်သည်။
အဆိုပါစက်ရုံကို နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သည့် တစ်ခါသုံးဆေးထိုးအပ်၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည်များ ပိုမို ဖြည့်ဆည်းနိုင်ရန် မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းဒေသများသို့ ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများကို လွယ်ကူစွာဖြန့်ဖြူးနိုင်ရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်များရရှိစေရန်၊ ဒေသတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ရယူသုံးစွဲ၍ ဆေးဝါး ထုတ်လုပ်မှု နည်းပညာအသိ ကြွယ်ဝစေရန်နှင့် ပြည်သူများ၏ကျန်းမာရေးဆေးကုသမှု ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ ပေးရန်နှင့် လိုအပ်သောဆေးဝါးများ ဖြည့်ဆည်းပေးရန်ဟူသည့် အချက်များပေါ်မူတည်သုံးသပ်ပြီး တည်ဆောက်ခြင်း ဖြစ်သည်။

Jan 14, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း ၀င်းသူဇာအရောင်းဆိုင်များနှင့် စက်ရုံများအား ကြည့်ရှု့စစ်ဆေးခြင်း
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဦးသိန်းမောင်၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေ၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးရီတို့ လိုက်ပါ၍ ၆-၁-၂၀၀၈ နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အထည်ချုပ်စက်ရုံ အမှတ်(၈)ရှိ ၀င်းသူဇာ အရောင်းဆိုင် (မရမ်းကုန်း)သို့ ရောက်ရှိသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် အရောင်းဆိုင်တွင်ရောင်းချလျက်ရှိသော မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း၊ ကြွေရည်စိမ်ပစ္စည်း အမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းအမျိုးမျိုး ရောင်းချမှု အခြေအနေကို လည်းကောင်း၊ ကျားဝတ်၊ မ၀တ် လုံချည်၊ အ၀တ်အထည်များနှင့် ပွင့်ရိုက်ဒီဇိုင်း အ၀တ်အထည်များကို လည်းကောင်း၊ စက္ကူနှင့် စာရေး ကိရိယာများ၊ စတီးလ်အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အပ်ချုပ်စက်နှင့် မောင်မြန်မာစက်ဘီး အမျိုးမျိုး ရောင်းချမှု အခြေအနေများကို စစ်ဆေးပြီး ရောင်းကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် မှာကြားခဲ့သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ခ၀ဲခြံမှတ်တိုင်အနီးရှိ ၀င်းသူဇာအရောင်းဆိုင် (မရမ်းကုန်း)သို့ ရောက်ရှိပြီး ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ၊ စတီးလ်နှင့် အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အ၀တ်အထည် အမျိုးမျိုးနှင့် ဆေးရိုက်အထည်များ၊ ထီး၊ ဖိနပ်၊ ကြွေရည်သုတ်ပန်းကန် အမျိုးမျိုး၊ စက္ကူနှင့် စာရေးကိရိယာများ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု အခြေအနေကို လည်းကောင်း၊ မောင်မြန်မာ စက်ဘီးအမျိုးမျိုး၊ အပ်ချုပ်စက်များအား ကြည့်ရှုစစ်ဆေးပြီး ၀န်ကြီးမှ အရောင်းဆိုင်ဝန်ထမ်းများသည် ၀န်ကြီးဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ကြရန်နှင့် ရောင်းကုန်ပစ္စည်းများ အမယ်စုံတင်၍ ရောင်းချကြရန် မှာကြားသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ၉း၃၀ နာရီတွင် လှိုင်မြို့နယ်၊ ပဏ္ဍိတလမ်းရှိ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဆပ်ပြာစက်ရုံအမှတ်(၂)၊ ပဏ္ဍိတ ဆပ်ပြာစက်ရုံသို့ ရောက်ရှိသည်။ ရှေးဦးစွာ ၀န်ကြီးဦးအောင်သောင်းသည် ဆီဖျော်ကန်၊ ကော့စတစ်ဖျော်ကန် နေရာများ ပြုပြင်ဆောင်ရွက်မှု အခြေအနေ၊ ချက်အိုးများ ပြုပြင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာတွင် မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေနှင့် အထွေထွေမန်နေဂျာ ဦးတင်မောင်ဝင်းတို့မှ လိုက်လံရှင်းလင်းပြသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ဆပ်ပြာစက်ရုံအတွင်းရှိ ဆေးစပ်ဌာန၊ ဆေးစပ်အိုးနှင့် စက်ပစ္စည်းများ ပြင်ဆင်နေမှု အခြေအနေကိုကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်မှုလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားကြရန် တာဝန်ရှိသူ အသီးသီးအား မှာကြားခဲ့ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း သဲဖြူကျေးရွာ တည်ဆောက်ထားရှိမှုအခြေအနေနှင့် သဲဖြူကျေးရွာတွင် ဖွင့်လှစ် ရောင်းချလျှက်ရှိသော သက်သာအရောင်းဆိုင်၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း ဒဂုန်အချိုရည်နှင့် ရေခဲစက်၊ ၀င်းသူဇာအရောင်းဆိုင်(စမ်းချောင်း)တို့အား ကြည့်ရှု့စစ်ဆေး
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ၅-၁-၂၀၀၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ အမှတ်(၂)စစ်မှုထမ်းဟောင်းကျေးရွာ(သဲဖြူ)သို့ရောက်ရှိရာ စစ်မှုထမ်းဟောင်းအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုကြသည်။ သဲဖြူကျေးရွာ ဓမ္မာရုံတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဌာနမှူး၊ ဒုတိယဗိုလ်မှူးကြီး ၀င်းမောင် (အငြိမ်းစား)၊ အုပ်ချုပ်မှုဌာနကြီးမှူး ဗိုလ်မှူးဌေးနိုင် (ငြိမ်း) နှင့် သဲဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးသန်းဝင်း (ငြိမ်း)တို့က တန်ဘိုးနည်းနေအိမ်များ အကွက်ချထားမှု၊ အဆောက်အဦးများ တည်ဆောက် ပြီးစီးမှု၊ လျှပ်စစ်နှင့်ရေသွယ်တန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး၊ ဗဟိုစည်းရုံးရေး ကော်မတီဝင်မှ လိုအပ်ချက် များမှာကြားပြီး၊ စစ်မှုထမ်းဟောင်း (၅၀)ဦးမိသားစု၊ စုစုပေါင်း (၁၉၃)ဦး ရောက်ရှိနေထိုင်ပြီဖြစ်၍ ၄င်းတို့၏ စားဝတ်နေရေး ကိစ္စရပ်များ၊ မိသားစုအလုပ်အကိုင်ရရှိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် သဲဖြူကျေးရွာတည်ဆောက်ထားရှိမှု အခြေအနေနှင့် သဲဖြူကျေးရွာတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော သက်သာအရောင်းဆိုင်အား ကြည့်ရှု့စစ်ဆေးသည်။
ထိုမှတဆင့် ၀န်ကြီးဦးအောင်သောင်းသည် စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်းရှိ မြန်မာ့စားသောက်ကုန်လုပ်ငန်း ဒဂုန်အချိုရည် နှင့်ရေခဲစက်သို့လည်းကောင်း၊ ၀င်းသူဇာအရောင်းဆိုင်(စမ်းချောင်း)သို့လည်းကောင်း ရောက်ရှိစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။

Jan 9, 2008

Ministry Intranet System ကွန်ပျူတာသင်တန်း အမှတ်စဉ်(၅/၂၀၀၇)သင်တန်းဆင်းပွဲ
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ Ministry Intranet System ကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၅/၂၀၀၇) သင်တန်းဆင်းပွဲ အခမ်း အနားကို ၃၁-၁၂-၂၀၀၇ ရက်နေ့ နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ သင်တန်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူ (၅၄)ဦးနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။