skip to main
|
skip to sidebar
အမှတ်(၁)စက်မှုဝန်ကြီးဌာန
စက်မှုစွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့
Dec 19, 2007
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး
စက္ကူနှင့်ပျော့ဖတ်စက်ရုံ (သာပေါင်း)အား ကြည့်ရှု့စစ်ဆေးခြင်း
Newer Post
Older Post
Home
စက်
မှု
စွမ်း
အား
ခေတ်
ကျော်
လွှား
Ministry of Industry 1
Ministry of Industry 1
Nay Pyi Taw, Myanmar (Burma)
View my complete profile
အမှတ်(၁)စက်မှုဝန်ကြီးဌာန
မြန်မာနိုင်ငံအား စက်မှုစွမ်းအားဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်နိုင်ရန် အတွက် ၁၉၇၅ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် မူလစက်မှုဝန်ကြီး ဌာနမှ အမှတ်(၁)စက်မှုဝန်ကြီး ဌာနကို ခွဲခြားဖွဲ့စည်းခဲ့ပါသည်။ အမှတ်(၁)စက်မှု ၀န်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် ဦးစီး ဌာန(၂)ခုနှင့် မြန်မာ့စက်မှုလုပ်ငန်း (၆)ခု တို့ကို ဖွဲ့စည်းထားရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်အောင်မြင်မှု အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
Advertising
စက်မှုညွှန်ကြားရေးဦးစီးဌာန
စက်မှုညွှန်ကြားရေးဦးစီးဌာနသည် မြန်မာ့စက်မှု လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အကြံဥာဏ် ပေးခြင်း၊ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ကုန်ထုန် လုပ်မှုလျာထားချက်များ ပြည့်မီ ကျော်လွန်ရေး၊ စက်မှုလုပ်ငန်း အသီးသီးရှိ စီမံကိန်းသစ်များနှင့် ရောင်းချမှု လျာထားချက်များ အကောင်အထည် ဖော်နိုင်ရေး အတွက် တွန်းအားပေးခြင်း၊ ပြည်ပ ပို့ကုန် လျာထားချက်များ ပြည့်မီရေး၊ စက်မှု ကုန်ကြမ်း ၀ယ်ယူ ရရှိရေးနှင့် စက်သုံးဆီ ရရှိရေး၊ စက်စွမ်းအား အသုံးချရေး၊ ကုန်ပစ္စည်း အရည်အသွေး တိုးတက် ကောင်းမွန် စေရေး၊ လုပ်သားများ ကျွမ်းကျင်မှု ရှိစေရေး အတွက် သင်တန်းများ ပြုလုပ်ပေးခြင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ရေးအတွက် စီစဉ် ဆောင်ရွက်ခြင်း၊ သင်တန်းများပို့ချခြင်း၊ ငွေရေး ကြေးရေး စီမံခန့်ခွဲရေးနှင့် ၀န်ထမ်းရေးရာ ကိစ္စရပ်များ စသည်တို့ကို ဆောင်ရွက်လျက် ရှိပါသည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေး ခြင်း၊ ကြီးကြပ်ကွပ်ကဲပေးခြင်း၊ မြန်မာ့စက်မှု လုပ်ငန်းအသီးသီးအောက်ရှိ စက်ရုံများကို အခါ အားလျော်စွာစစ်ဆေးခြင်း၊ ပုဂ္ဂလိကသမ၀ါယမ နှင့် အစိုးရဌာနများ၏ စက်ရုံများရှိ ဘွိုင်လာများ၊ လျှပ်စစ် ဆက်သွယ်မှုကို ဘွိုင်လာ ဥပဒေနှင့် လျှပ်စစ်ဥပဒေတို့အရ သတ်မှတ်ထားသော ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာ့အထည်အလိပ်လုပ်ငန်း
မြန်မာ့အထည်အလိပ် လုပ်ငန်း၏ ကြီးကြပ်မှု အောက်တွင် စက်ရုံပေါင်း(၂၆)ရုံ၊ စက်ရုံခွဲ (၈)ရုံ၊ စုစုပေါင်း(၃၄)ရုံရှိပါသည်။ ၄င်းစက်ရုံများအနေ ဖြင့် ချည်မျှင်အမျိုးမျိုး၊ ချည်ထည်ပိတ် အမျိုးမျိုး၊ ချည်ဇာပိတ်၊ ဖလန်နယ်ပိတ်၊ ချည်ခြင်ထောင်ဇာ၊ မျက်နှာသုတ်ပ၀ါ၊ ပေါ်လီအက်စတာ၊ ၀ါဂွမ်း ရောစပ်ထည်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ ခြေအိတ်၊ ဆွယ်တာ၊ စွပ်ကျယ်၊ ခန်းဆီးပိတ်၊ စောင်၊ အမျိုးသားဝတ် လုံချည်၊ သင်္ကန်း၊ ပတ်တီးပိတ်၊ ဆေးဂွမ်း၊ အပ်ချည် စသည့် ကုန်ပစ္စည်း(၁၀၆)မျိုးတို့အား နှစ်အလိုက် သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုလျာထား ချက် ပြည့်မီအောင် စီမံ ထုတ်လုပ်ရေး၊ တိုးမြှင့် ထုတ်လုပ်ရေးအတွက် စီမံကိန်းသစ်များ အကောင်အထည်ဖော်ရေး၊ ထုတ်ကုန်ပစ္စည်းများ ရောင်းချရေး၊ ငွေကြေးစီမံရေးနှင့် ၀န်ထမ်း ရေးရာ ကိစ္စများကို ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာ့စားသောက်ကုန်လုပ်ငန်း
မြန်မာ့စားသောက်ကုန် လုပ်ငန်း၏ ကြီးကြပ်မှု အောက်တွင် ပင်မစက်ရုံ(၂၂)ရုံနှင့် စက်ရုံခွဲပေါင်း (၂၅)ရုံ၊ စုစုပေါင်း(၄၇)ရုံရှိပါသည်။ ၄င်းစက်ရုံ များ အနေဖြင့် စီးကရက်၊ ဘီယာနှင့် အရက် အမျိုးမျိုး၊ အရက်ပျံ၊ ဗီနီဂါ၊ သကြားလုံး အမျိုးမျိုး၊ ရေခဲ၊ အချိုရည်၊ ပဲနို့ရည်၊ သောက်ရေသန့်၊ ဗာဂျီးနီးယား ဆေးရွက်စသည့် ကုန်ပစ္စည်း အမျိုးပေါင်း(၈၀)တို့အား နှစ်အလိုက် သတ်မှတ် ထားသည့် ကုန်ထုတ်လုပ်မှု လျာထားချက် ပြည့်မီအောင် စီမံထုတ်လုပ် ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း
မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် စက်ရုံပေါင်း (၁၅)ရုံ၊ စက်ရုံ ခွဲ(၆)ရုံ၊ စုစုပေါင်း(၂၁)ရုံနှင့် ဆေးဝါး ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာန တစ်ခု ရှိပါသည်။ ၄င်းစက်ရုံများအနေဖြင့် ဆေးဝါးကုန် ကြမ်းများ၊ စားဆေး၊ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး၊ တားဆေး၊ ပရိုဗီမင်၊ သွားတိုက် ဆေးနှင့် အလှကုန် ပစ္စည်းများ၊ ပလတ်စတစ် ပစ္စည်း အမျိုးမျိုး၊ သားရေတု၊ ဆပ်ပြာ အမျိုးမျိုး၊ အလှဆီ၊ ဆီခဲ၊ ဆီသန့် စသည့် ကုန်ပစ္စည်း (၂၄၉)မျိုးတို့အား နှစ်အလိုက် သတ်မှတ်ထား သည့် ကုန်ထုတ်လုပ်မှုလျာထားချက် ပြည့်မီ အောင်စီမံထုတ်လုပ် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၏ ကြီးကြပ်မှု အောက်တွင် စက်ရုံပေါင်း(၁၅)ရုံနှင့် စက်ရုံခွဲ (၄)ရုံ၊ စုစုပေါင်း(၁၉)ရုံရှိပါသည်။ ၄င်းစက်ရုံ များအနေဖြင့် ဘိလပ်မြေ၊ အုတ်၊ မီးခံ အုတ်၊ ကွန်ကရိ ပစ္စည်းများ၊ မီးခံ ဘိလပ်မြေပြား၊ ကြွေထည် ပစ္စည်းများ၊ မှန်၊ ပုလင်းနှင့် အိမ်သုံး ဖန်ထည်ပစ္စည်း အမျိုးမျိုး၊ နံရံကပ်နှင့် ကြမ်းခင်း ကြွေပြားများ၊ ကျောက်တုံး ကျောက်ပြား စသည့် ကုန်ပစ္စည်း (၁၁၂)မျိုး တို့အား နှစ်အလိုက် သတ်မှတ်ထားသည့် ကုန်ထုတ် လုပ်မှု လျာထားချက် ပြည့်မီအောင် စီမံထုတ်လုပ် ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း
မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း၏ ကြီးကြပ်မှု အောက်တွင် စက်ရုံပေါင်း (၁၁)ရုံ ရှိပါသည်။ ၄င်းစက်ရုံများ အနေဖြင့် စာရေးနှင့် ပုံနှိပ်စက္ကူ၊ သတင်းစာ စက္ကူ၊ ဘိလပ်မြေ အိတ်ခွံ စက္ကူ၊ ထုပ်ပိုး စက္ကူ၊ ရွှေစက္ကူ၊ ငွေစက္ကူ၊ ရေအိမ်သုံး စက္ကူ၊ ပျော့ဖတ်၊ ကော့စတစ် ဆိုဒါ၊ ကလိုရင်း ဓာတ်ငွေ့ရည်၊ ဆားငရဲမီး၊ အရောင်ချွတ်ဆေး မှုန့်၊ သင်္ဘောဆေးနှင့် သုတ်ဆေးများ၊ သစ်သား မီးခြစ်၊ ဆေးရုံသုံးအောက်စီဂျင်ဓာတ်ငွေ့ နှင့် စက်မှုသုံး ဓာတ်ငွေ့အမျိုးမျိုး၊ ဘက်ထရီ အမျိုးမျိုး၊ အ၀တ်လျှော် ဆပ်ပြာရည်နှင့် အမှုန့် စသည့် ကုန်ပစ္စည်း (၃၄)မျိုး တို့အား နှစ်အလိုက် သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှု လျာထားချက် ပြည့်မီအောင် စီမံထုတ်လုပ် ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း
မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှု လုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် စက်ရုံ ပေါင်း(၁၈)ရုံ၊ စက်ရုံခွဲ(၁၂)ရုံ၊ စုစုပေါင်း (၃၀)ရုံ ရှိပါသည်။ ၄င်းစက်ရုံများ အနေဖြင့် သားရေနှင့် သားရေပစ္စည်း အမျိုးမျိုး၊ ထုပ်ပိုး စက္ကူဘူးများ၊ ထုပ်ပိုး သစ်သား သေတ္တာ၊ ဘောပင်၊ ရာဘာပစ္စည်း အမျိုးမျိုး၊ ဖိနပ်၊ စက်ဘီး၊ အပ်ချုပ် စက်ခေါင်း၊ ကြွေရည်သုတ် ပစ္စည်း အမျိုးမျိုး၊ ထီး အမျိုးမျိုး စသည့် ကုန်ပစ္စည်း (၂၅၅)မျိုးတို့အား နှစ်အလိုက် သတ်မှတ်ထားသည့် ကုန်ထုတ် လုပ်မှုလျာထားချက် ပြည့်မီအောင် စီမံ ထုတ်လုပ် ဆောင်ရွက်လျက် ရှိပါသည်။ ၄င်းပြင် ၀န်ကြီးဌာန အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ၊ အထွေထွေ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ရေအေး လေအေးစက်များ ပြုပြင်ခြင်း လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း ပြင်ဆင်ခြင်း လုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။
အခြား WebSite နှင့် BlogSite များ
Computer Training
Ministry of Industry 1 WebSite
ဝင်းသူဇာ
စက်မှုညွှန်ကြားရေးဦးစီးဌာန
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
မြန်မာ့အထည်အလိပ်လုပ်ငန်း
မြန်မာ့စားသောက်ကုန်လုပ်ငန်း
မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း
မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း
မြန်မာ့အထွေထွေနှင့်ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်း
Visitors
Mesothelioma
မှတ်တမ်းဟောင်းများ
Aug 3
(1)
Jul 20
(7)
Jul 6
(2)
Jun 29
(4)
Jun 22
(3)
Jun 8
(1)
May 4
(2)
Apr 27
(1)
Apr 6
(4)
Mar 30
(2)
Mar 23
(2)
Jan 27
(2)
Jan 20
(2)
Jan 13
(2)
Jan 6
(2)
Dec 30
(1)
Dec 23
(1)
Dec 16
(11)