Dec 19, 2007

ရန်ကုန်မြို့ရှိကျောင်းတိုက်များသို့ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်း
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် ၀န်ကြီးဦးအောင်သောင်းတို့ တက်ရောက်ကြည်ညို

၂၀၀၇ ခုနှစ်တွင် ၀ါဆိုဝါကပ်တော်မူကြသော ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ရှိ သံဃာတော် ၅၉၂ ပါးတို့အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီတို့ အမှူးပြု၍ ၀န်ထမ်း မိသားစုများ၏ ပဉ္စမအကြိမ် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၃-၁၁-၂၀၀၇ ရက်နေ့ နံနက် ၈ နာရီတွင် အလယ်တိုက်ကျောင်းကြီး၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ဇနီးများ၊ အထွေထွေမန်နေဂျာ၊ စက်ရုံမှူးများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြည်ညိုကြသည်။ ဗဟိုအတွင်းရေးမှူး ၀န်ကြီးဦးအောင်သောင်းသည် နံနက် ၁၀ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၁၃ ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက်၌ ကျင်းပသည့် ၂၀၀၇ ခုနှစ်တွင် ၀ါဆိုဝါကပ်တော် မူကြသော သံဃာတော် ၅၄ ပါးတို့အား ပဉ္စမအကြိမ် ကထိန်သင်္ကန်း ကပ်လှူပွဲသို့ တက်ရောက် ကြည်ညိုသည်။
ထို့နောက် ရန်ကင်းမြို့နယ် ကျောက်ကုန်း ကျောင်းတိုက်အတွင်းရှိ ရာပြည့်ကျောင်းတော်၌ ၂၀၀၇ ခုနှစ်တွင် ၀ါဆိုဝါကပ်တော် မူကြသော သံဃာတော် ၃၅ ပါးတို့အား ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ဒသမအကြိမ် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၄င်းတို့၏ဇနီးများ၊ ၀န်ထမ်းမိသားစုများ တက်ရောက် ကြည်ညိုကြသည်။