Dec 19, 2007

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသား များနှင့်တွေ့ဆုံ
၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာတွင် ဒေသခံ ပြည်သူများ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းသူ အသင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ မြင်းခြံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဦးလှမိုး၊ ကျောက်ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် ဦးအောင်ဝင်းကြည်၊ မြင်းခြံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးအောင်ဇံနှင့် အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တောင်ဦးအခြေခံပညာ အထက်တန်းကျောင်းခွဲ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း စည်းရုံးရေးနယ်မြေ(၁၁) နယ်မြေတာဝန်ခံ ဦးဇော်ဝင်းမောင်နှင့် ကျောက်ပန်းတောင်းမြို့ နယ်၊ တောင်ဦးကျေးရွာ ရပ်မိရပ်ဖများကိုယ်စား ဦးနေလင်း တို့က မိမိတို့နယ်မြေဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိမှုနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်းမှ ဒေသခံများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေး၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကျေးလက်ဒေသ လုပ်ငန်းစဉ်(၅)ရပ်အား စေတနာ မှန်ကန်စွာဖြင့် ပြည်သူတို့နှင့်အတူ တက်တက်ကြွကြွ လုပ်ကိုင်ကြရန်နှင့် ပညာရေးကဏ္ဍကို ယခုထက်ပိုမို တိုးတက်ရန် ၀ိုင်းဝန်း ကူညီပံ့ပိုးကြရန် မှာကြားပါသည်။