နာဂစ်လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကွန်ကရစ်အုတ်ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း

၂၀၀၈ ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့အထိ အင်္ဂတေပစ္စည်းစက်ရုံနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံများမှ လေဘေးသင့် ပြည်သူများအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင်အသုံးပြုရန် ကွန်ကရစ် အုတ်ဖိနပ်(၂၄၉၅၀)(နှစ်သောင်း လေးထောင် ကိုးရာငါးဆယ်)ခုထုတ်လုပ်ခဲ့ပြီး တစ်နေ့လျှင်ကွန်ကရစ် အုတ်ဖိနပ်(၁၅၀၀)ခု ထုတ်လုပ်နိုင်၍ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေ့စဉ် ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုမှတဆင့် ဝန်ကြီးသည် အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီး ဘေးရှိ၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဖိနပ်စက်ရုံ အမှတ်(၁) စက်ရုံခွဲ၊ ဖော့ကန်သို့ ရောက်ရှိပြီး ဆိုးလ်ပေါင်းခြင်း လုပ်ငန်း၊ ရာဘာကြိတ်စက် ဆိုးလ်ပြားဖြတ်စက်၊ ဆိုးလ်ပြား လွှာစက်များဖြင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပြီး ဝန်ကြီးမှ ကုန်ထုတ်လုပ်မှု ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီး ဦးအောင်သောင်းသည် ဝင်းသူဇာ အရောင်းဆိုင် (ဖော့ကန်) သို့ရောက်ရှိပြီး စက်မှု လုပ်ငန်းများမှ ထုတ်လုပ် ရောင်းချလျှက် ရှိသော ဆေးဝါး ပစ္စည်းများ၊ စက္ကူနှင့် စာရေး ကိရိယာများ၊ ထီး၊ ဖိနပ်နှင့် ကြွေရည်သုတ်နှင့် စတီးလ်အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည် အမျိုးမျိုးနှင့် လူသုံးကုန် ပစ္စည်းများ ရောင်းချနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ကြီးမှ ကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရန်နှင့် ပစ္စည်းအမယ် စုံလင်စွာ ရောင်းချကြရန် မှာကြားခဲ့သည်။










.jpg)










































