Jul 9, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ၀ါဆိုသင်္ကန်းကပ်လှူပွဲ




၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ ကျောက်ကုန်း ကျောင်းကြီးတိုက်၌ ၀ါဆိုဝါကပ်တော် မူကြမည့် သံဃာတော် (၈၃)ပါးအား ၀န်ထမ်း မိသားစုများ၏ ဧကဒဿမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းကြီး ကျောင်းတိုက် ရာပြည့်ကျောင်းတော်၌ မွန်းလွဲ (၁)နာရီတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကျောက်ကုန်းကြီး ကျောင်းတိုက် ပဓာနနာယက၊ မြို့နယ် သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တ၀ိသာရဒ နှင့် ပင့်သံဃာ အရှင်သူမြတ် (၁၅)ပါး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း နှင့်ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ ဇနီးများ၊ စက်ရုံမှူးများ၊ ၀န်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီးဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ကျောက်ကုန်း ကျောင်းကြီးတိုက် ပဓာနနာယက မြို့နယ် သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တ၀ိဿရဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြ၍ ဆရာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြား ချီးမြှင့်ကြသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က ကျောက်ကုန်း ကျောင်းကြီးတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ိဿရဒထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၄င်းတို့၏ ဇနီးများ၊ ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ကျောက်ကုန်း ကျောင်းကြီးတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ၀ိဿရဒမှ သာဓု အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပင့်သံဃာ အရှင်သူမြတ် (၁၅)ပါးတို့အား အချိုရည်များ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မွန်းလွဲ (၂)နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက်မှ သံဃာတော် အရှင်သူမြတ်တို့အား ၀န်ထမ်း မိသားစုများ၏ ပဉ္စမ အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ် အရှေ့ပိုင်း တိပိဋကမဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက် တိပိဋက ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြို ဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာ ဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြ၍ ပင့်သံဃာ အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ဟောကြားချီးမြှင့်တော် မူကြသည်။ ယင်းနောက် ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီတို့က တိပိဋက မဟာဂန္ထ၀င် ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာ ဘိဝံသထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ၎င်းတို့၏ ဇနီးများနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က ပင့်သံဃာ အရှင်သူမြတ်တို့ထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော်၊ ဘဒ္ဒ္ဒန္တ ၀ါယာမိန္ဒာ ဘိဝံသထံမှ သာဓု အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပင့်သံဃာ အရှင်သူမြတ်တို့အား အချိုရည်များဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ နံနက်ပိုင်းတွင် ကျောင်းကုန်းကြီး ကျောင်းတိုက်မှ သံဃာတော် (၈၃)ပါးနှင့် တိပိဋက မဟာဂန္ထ၀င် နိကာယ်ကျောင်းတိုက်မှ သံဃာတော် အရှင်သူမြတ် (၅၄)ပါးတို့အား ရန်ကုန်မြို့ပေါ်ရှိ စက်ရုံမှူးများမှ နေ့ဆွမ်းနှင့် ၀ါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Jul 8, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့အား အမှူးထား၍ ၀န်ထမ်းမိသားစုများ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲ


၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ တို့အား အမှူးထား၍ လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ရှိ သံဃာတော်များအား၊ ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင်၊ သရက်တော ကျောင်းတိုက် ၃ ထပ်ကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သရက်တော ကျောင်းတိုက်ဝင်: အတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၆)ကျောင်းမှ သံဃနာယကဥက္ကဋ္ဌ ကျောင်းထိုင်ဆရာတော်ကြီးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၄င်းတို့၏ဇနီးများ လမ်းမတော်မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ပေါ်ရှိ စက်ရုံများမှ စက်ရုံမှူးများ၊ ဝန်ထမ်း မိသားစုများ၊ အလှူရှင်များ တက်ရောက် ကြသည်။
အစီအစဉ်အရ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ဗဟိုအတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လမ်းမတော်မြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ သရက်တောကျောင်းတိုက်၊ ပိဋကတ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒဓဇထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာအရှင်သူမြတ် (၆၆)ပါးတို့က ပရိတ်တရားတော်များ ဟောကြားချီးမြှင့်တော် မူကြသည်။ ထို့နောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်များမှ သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် ကျောင်းတိုက်ပေါင်း (၆၆)ကျောင်းမှ ပင့်သံဃာ ကျောင်းတိုက် ဆရာတော်ကြီးများထံ ၀ါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် သံဃနာယက ဥက္ကဋ္ဌ သရက်တောကျောင်းတိုက် ပိဋကတ်ကျောင်းတိုက် ဆရာတော်မှ သာဓုအနုမောဒနာ တရားဟောကြား ချီးမြှင့်တော်မူပြီး၊ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှဝေကာ အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ သရက်တောကျောင်းတိုက်မှ ပင့်သံဃာအရှင်သူမြတ် (၆၆) ပါးတို့အား အချိုရည်များ ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့နံနက် (၁၀) နာရီခွဲတွင် သရက်တော ကျောင်းတိုက်ဝင်းအတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၆) တိုက်၌ တစ်ပြိုင်တည်း စက်ရုံမှူးများ မှ ဦးဆောင်၍ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို သံဃာတော်တိုင်းအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Jul 2, 2008

၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ထမ်းသားသမီးများအား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား


၂၀၀၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော၊ အမှတ်(၁)စက်မှု ၀န်ကြီးဌာန၊ ၀န်ထမ်း သားသမီးများအား ဧကဒသမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီး ဦးအောင်သောင်းက ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ် တက္ကသိုလ် ၀င်တန်းတွင် (၅) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မောင်မြတ်ဘုန်းကျော်၊ မောင်ဝေယံအောင်၊ မဇင်မို့မို့အောင်နှင့် မထက်ထက်နိုင်တို့အား လည်းကောင်း၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်တို့က (၄) ဘာသာဂုဏ်ထူးရှင် (၂၂)ဦးတို့အား လည်းကောင်း၊ မြန်မာ့အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဦးသိန်းမောင်မှ (၃)ဘာသာဂုဏ်ထူးရှင် (၁၃)ဦးအား လည်းကောင်း၊ မြန်မာ့စားသောက်ကုန် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိုက်ထွန်းမှ (၂)ဘာသာဂုဏ်ထူးရှင် (၂၁)ဦးအား လည်းကောင်း၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေ၊ မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်တို့က (၁)ဘာသာဂုဏ်ထူးရှင် (၅၄)ဦးတို့အား လည်းကောင်း၊ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်တို့က နေပြည်တော်၊ ပျဉ်းမနား၊ ရမည်းသင်း၊ ရေနီ၊ ဇေယျဝတီမြို့နယ်များမှ တစ်ကျောင်းလုံး၌ အတန်းလိုက် ပထမဆုရရှိသူ သူငယ်တန်းမှ န၀မတန်းအထိ ဆုရကျောင်းသူ၊ ကျောင်းသား (၃၃)ဦးတို့အား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက် ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မဇင်မို့မို့အောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲအခမ်းအနား


အမှတ်(၁)စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေးဦးစီးဌာနမှ ဦးစီး ကျင်းပပြုလုပ်သော ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ် (၂/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၀၈) နေပြည်တော် သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၀၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၇) နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၀၈)အား အမှတ်(၁)စက်မှု ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် စက်မှု လုပ်ငန်းများမှာရှိသည့် ရုံးဝန်ထမ်းများကို ကွန်ပျူတာ လုပ်ငန်းများတွင် ထိထိ ရောက်ရောက် အသုံးပြုနိုင်စေရန်နှင့် ယခု အသုံးပြုနေသော Ministry Intranet System နှင့် e-government လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အခက်အခဲမရှိ အသုံးပြု ဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ မိမိတို့ ၀န်ကြီးဌာန အနေနှင့် ကွန်ပျူတာနှင့် ပတ်သက်ပြီး မိမိတို့ ၀န်ထမ်းများ အများနှင့်တန်းတူ ကွန်ပျူတာ ပညာရပ်များကို တတ်မြောက် ကျွမ်းကျင်ရေး အတွက် အခြေခံ သင်တန်း၊ အဆင့်မြင့် သင်တန်း၊ Intranet သင်တန်း၊ ဘွဲ့လွန် ကွန်ပျူတာ သိပ္ပံဒီပလိုမာ သင်တန်းတွေ အဆင့်ဆင့် သင်ကြားပျိုးထောင် ပေးလျှက်ရှိကြောင်း၊ မိမိတို့ တတ်မြောက်ထားသော ကွန်ပျူတာ ပညာများကို မိမိတို့ဌာန စက်ရုံများ အတွက် အကျိုးရှိရှိနှင့် ပြန်လည် အသုံးချတတ်ရန် လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၀၈) သင်တန်းသားများအနေနှင့် အမှတ်(၁)စက်မှု ၀န်ကြီးဌာနရှိ ဦးစီးဌာနများ၊ မြန်မာ့စက်မှု လက်မှုလုပ်ငန်းများနှင့် စက်ရုံများတွင် စတင် တာဝန်ထမ်းဆောင်လျှက် ရှိကြသည့် ၀န်ထမ်းသစ်များ အနေဖြင့် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းများ၊ ၀န်ထမ်းရေးရာ၊ အလုပ်သမားရေးရာ၊ ပင်စင်ရေးရာ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များနှင့် အခြားဆက်စပ်လျှက်ရှိသော လုပ်ငန်းဆိုင်ရာ သိကောင်းစရာများကို လေ့လာသိရှိ နားလည် သဘောပေါက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ အချိန်ကုန်၊ ငွေကုန်ကျခံပြီး ဖွင့်လှစ် ပေးထားသဖြင့် နိုင်ငံတော်၊ ၀န်ကြီးဌာနနှင့် လုပ်ငန်းဌာနများအပေါ် သစ္စာရှိစွာနှင့် အရည်အချင်း အရည်အသွေး ကောင်းမွန်သော ၀န်ထမ်းများ အဖြစ် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းမှ သင်တန်းများတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

Jun 30, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း
နာဂစ်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ပြိုလဲသွားသော ရာဘာခြံများ ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှုအခြေအနေနှင့် လေဘေးသင့် ပြည်သူများအား အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ



အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် ၁၀း၃၀ နာရီတွင် မြန်မာ့ အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးမောက် လိုက်ပါ၍ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း ရာဘာခြံသို့ ရောက်ရှိပြီး နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် ယိုင်လဲသွားသော ရာဘာပင်များ၊ ရာဘာ အစေးလှီးပင်များနှင့် တိုးချဲ့ထိန်းသိမ်း ရာဘာပင်များ၊ ယိုင်လဲနေသော အပင်များအား ကိုင်းထောက်ဆယ်တင် ပြန်လည် စိုက်ပျိုးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် ခြံမန်နေဂျာတို့က ရှင်းလင်း ပြသကြသည်။ ထို့နောက် ၀န်ကြီးသည် ငှက်အော်စမ်း ရာဘာစိုက်ခင်း ပြိုလဲသွားသော အပင်များ ရှင်းလင်းနေမှုနှင့် ဖာထေး ပြန်စိုက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီးမှ ပျက်စီးသွားသော အပင်များအား အမြန်ဆုံး ရှင်းလင်းပြီး၊ အမြန်ဆုံး ပြန်လည်ဖာထေး စိုက်နိုင်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် စက်ရုံ ရှင်းလင်းဆောင် ခန်းမ၌ စိုက်ခင်း မန်နေဂျာနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စိုက်ခင်း မန်နေဂျာ ဒေါ်ခိုင်ဇာနွယ်မှ နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှု အခြေအနေ၊ အစားထိုး ပြန်လည် စိုက်ပျိုးမည့် အခြေအနေ၊ အစေးလှီးခြံရာဘာပင် ဆယ်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြရာ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်က ဖြည့်စွက် ရှင်းလင်း တင်ပြပြီး၊ ၀န်ကြီးမှ ပြိုလဲပင်များ အမြန်ဆုံး ရှင်းလင်းပြီး ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ရေး မှာကြားခဲ့သည်။ ဆက်လက်၍ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီဝင် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီ မိသားစုနှင့် အလှူရှင်များသည် မွန်းလွဲ ၁၂း၃၀ နာရီတွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိကြသည်။
ယင်းနောက် ကွမ်းခြံကုန်းမြို့နယ် လေဘေးသင့် ပြည်သူများအတွက် အလှူပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီဝင်များ ဖြစ်ကြသော အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး၊ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ၊ ကွမ်းခြံကုန်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လွယ်ဟိန်းကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုင်းစံထွန်းနှင့် PT IGlas Company မှ Mr Carere တို့က လည်းကောင်း၊ Myanmar Fortune ကုမ္ပဏီလီမိတက်နှင့် ရီရှင်းကုမ္ပဏီ တို့မှ ဒေါ်ရှယ်လီနှင့် ဒေါ်နန်းအေးနန်းတို့က လည်းကောင်း၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ အလှူရှင် ဦးဝင်းလွင်၊ ဦးအောင်မြတ်၊ ဦးထက်ညီ၊ ဦးထင်အောင်ကျော်တို့က လေဘေးသင့် ပြည်သူများ အတွက် အ၀တ်အထည်နှင့် လူသုံးကုန်များကို ပေးအပ်လှူဒါန်းရာ အမှတ်(၇၇) ခြေမြန်တပ်မ ဌာနချုပ်၊ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး လူအေးနှင့် ကွမ်းခြံကုန်းမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က လက်ခံရယူသည်။
အဆိုပါ လှူဒါန်းမှုတွင် ကျားဝတ်၊ မ၀တ်လုံချည်နှင့် အ၀တ်အထည်များ၊ ကာဘော်လစ် ဆပ်ပြာ၊ ရွေဝါဆပ်ပြာများ၊ လူသုံးကုန် ပစ္စည်းများ ၅၈ သိန်း ၇ သောင်း ကျော်ဘိုး လှူဒါန်းခဲ့သည်။
ထို့နောက် ဗဟိုကော်မတီဝင် အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ တို့သည် ကယ်ဆယ်ရေးစခန်း၌ အဆောက်အဦများ၊ စာသင်ကျောင်းနှင့် လေဘေးသင့် ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် ၀ယ်ယူနိုင်အောင် ရောင်းချပေးလျက်ရှိသည့် အမှတ်(၁) စက်မှုဝန်ကြီးဌာန လုပ်ငန်း ဌာနများမှ ရောင်းချလျှက်ရှိသော ကုန်ပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒေးဒရဲမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ လေဘေးသင့် ပြည်သူများအတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ၊ အခမ်းအနားသို့ အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်း၊ ဒေးဒရဲ မြို့နယ် လေဘေးကယ်ဆယ်ရေး၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လွယ်ဟိန်း ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ စိုင်းစံထွန်းနှင့် PT IGlas Company မှ Mr Carere တို့က လည်းကောင်း၊ Myanmar Fortune ကုမ္ပဏီလီမိတက်နှင့် ရီရှင်းကုမ္ပဏီမှဒေါ်ရှယ်လီနှင့် ဒေါ်နန်းအေးနန်းတို့ကလည်းကောင်း၊ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသောကုမ္ပဏီများမှ အလှူရှင်ဦးဝင်းလွင်၊ ဦးအောင်မြတ်၊ ဦးထက်ညီ၊ ဦးထင်အောင်ကျော် တို့က လေဘေးသင့်ပြည်သူများအတွက် အ၀တ်အထည်နှင့် လူသုံးကုန် ပစ္စည်းများကို ပေးအပ် လှူဒါန်းရာ အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၆၆)နည်းဗျူဟာကွက်ကဲရေးမှူး ဗိုလ်မှူးကြီး တင်မောင်ထွေးနှင့် ဒေးဒရဲမြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်တို့က လက်ခံကြသည်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနား၌ ဒေးဒရဲမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ကျားဝတ်၊ မ၀တ်လုံချည်နှင့် အ၀တ် အထည်များ၊ ရွှေဝါဆပ်ပြာနှင့် ကာဘော်လစ်ဆပ်ပြာများ၊ လူသုံးကုန်ပစ္စည်း စုစုပေါင်းလှူဒါန်းငွေ တန်ဖိုး ၅၈ သိန်း ၇ သောင်း ကျော်ဖိုး ပေးအပ်လှူဒါန်းခဲ့သည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း စီမံကိန်းစက်ရုံနှင့်
ကုန်ကြမ်းသီးနှံ ကြံစိုက်ခင်း ကြည့်ရှုစစ်ဆေးခြင်း



အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးညွန့်အောင်၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမောက်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီအမှတ် (၂) စက္ကူစက်ရုံအနီး မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ တစ်နေ့တန် (၈၀) စက္ကူညိုနှင့် တစ်နေ့တန်(၅၀) CTMP ပျော့ဖတ် စက်ရုံ စီမံကိန်း (ရေနီ) သို့ ရောက်ရှိပြီး Bamboo Chip Preparation Plant ၀ါးဖြတ်စ ပြုပြင်ရေး ဌာန၏ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးမှု အခြေအနေ၊ သစ်ဖြတ်စ ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် သစ်ပျော့ဖတ် ပြုပြင်ရေး အဆောက်အဦနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်နှင့် စီမံကိန်း အင်ဂျင်နီယာ ဦးတင်အောင်ထွန်းတို့က လိုက်လံရှင်းလင်း ပြသသည်။
ဆက်လက်၍ ၀န်ကြီး ဦးအောင်သောင်းသည် သစ်ဖြတ်စ တင်ပို့လိုင်း၊ Conveyor များ တပ်ဆင် ပြီးစီးမှု အခြေအနေ၊ ၀ါးချက်အိုးနှင့် ရေဆေးဌာန၏ Blow Tank များ၊ Cooking Liquor Circulation Pump များ၊ Hot Water Tank နှင့် Heat Exchanger များ တပ်ဆင် ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ပျော့ဖတ်ချက်အိုး Digester (၃)လုံး တပ်ဆင်ပြီးစီးမှု၊ ရေဆိုး သန့်စင်ကန်များ၏ တည်ဆောက်ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ တန် ၅၀ ပျော့ဖတ်ချက် စက်ရုံ၊ တန် ၈၀ စက္ကူညိုစက်ရုံ၊ အငွေ့ပျံ ဌာန ဓာတ်ဆားပြန်ထုတ် ဘွိုင်လာဌာန၊ ကော့စတစ်ပြန်ထုတ်ဌာန၊ ထုံးဖုတ်ဌာန၊ ဆက်စပ် အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီးမှ မြို့ပြဆိုင်ရာ အဆောက်အဦများနှင့် စက်ပစ္စည်းများ တပ်ဆင်ရာတွင် သပ်ရပ် သေချာစွာ စနစ်တကျ တပ်ဆင်ရန်နှင့် စီမံကိန်း လုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားပြီး တရုတ် နိုင်ငံခြားသား ပညာရှင်များအား သစ်သီးခြင်း လက်ဆောင် ပေးအပ်ခဲ့သည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းအား မြန်မာ့စက္ကူနှင့် ဓာတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်မှ ရေနီ သဲဖြူ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား သွယ်တန်း ပြီးစီးမှု အခြေအနေ၊ စက်ရုံ ပတ်ဝန်းကျင်၌ စိုက်ပျိုးထားသော စက်မှုကုန်ကြမ်း စိုက်ခင်း ယူကလစ်ပင် ဧက ၂၀၀ စိုက်ပျိုးမှုနှင့် ရေဆိုး သန့်စင်ကန်မှ စွန့်ပစ်ရေများ စနစ်တကျ စွန့်ပစ်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ၀န်ကြီးနှင့် တာဝန်ရှိသူများသည် တည်ဆောက်ရေး စီမံကိန်း အဆောက်အဦပေါ်မှ တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ ၀ါးချက်အိုးနှင့် ရေဆေးဌာန၏ Vaccum Washer (၅)လုံး တပ်ဆင် ပြီးစီးမှုနှင့် White Water Tank များ တပ်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။
အဆိုပါ စက္ကူစက်ရုံ စီမံကိန်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chengda Engineering Corporation နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ စက်ရုံ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် လည်ပတ်နိုင်ပါက ကုန်ထုတ် စက္ကူညို တစ်နေ့တန် ၈၀ နှင့် သတင်းစာ ပျော့ဖတ် တစ်နေ့တန် ၅၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ပဲခူးတိုင်း၊ ဇေယျဝတီမြို့နယ်ရှိ မြန်မာ့ စားသောက်ကုန် လုပ်ငန်း ဇေယျဝတီ သကြားစက်၊ ချက်ကြံ သီးနှံစိုက်ကွင်း၊ အိုင်တုံကွန်း ကြံစိုက်ခင်းသို့ ရောက်ရှိပြီး၊ ဆင်းရွှေလီ K-88၊ K-92၊ K-93 ကြံမျိုးများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးအောင်ဇော်ဦးနှင့် စိုက်ခင်း တာဝန်ခံများက လိုက်လုံရှင်းလင်း ပြသပြီး ကြံစိုက်ခင်း ၀န်ထမ်းများအား ထောက်ပံ့ကြေးငွေနှင့် စားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် ကြံစိုက်ခင်းအတွက်အသုံးပြုရန် ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေး၌ ဆင်းရွှေလီမျိုး (၁၀)ဧကနှင့် K-88၊ K-92 (၅)ဧက ယှဉ်ပြိုင်စိုက်ကွင်းများ၌ ဖြစ်ထွန်းအောင်မြင် လျက်ရှိသော ကြံစိုက်ခင်းများအားကြည့်ရှုစစ်ဆေးပြီး ကြံအထွက်တိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစဉ်အတိုင်း စနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

Jun 25, 2008

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်း
အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြစ်သားချည်မျှင်စက်ရုံ(စီမံကိန်း)
ပျော်ဘွယ်ချည်မျှင်စက်ရုံ(စီမံကိန်း)နှင့် ပျော်ဘွယ်မြို့နယ် ကုန်းတွင်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း


အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် စက်မှုလုပ်ငန်း ဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ လိုက်ပါ၍ မန္တလေးတိုင်း မြစ်သားမြို့နယ်ရှိ မြန်မာ့အထည်အလိပ်လုပ်ငန်း မြစ်သား ချည်မျှင်စက်ရုံ (စီမံကိန်း)သို့ ရောက်ရှိပြီး မြို့ပြဆိုင်ရာ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း ပင်မစက်ရုံ အဆောက်အဦ၊ အမိုးအကာနှင့် ကြမ်းခင်းများ (၈၈) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးမှု၊ စက်မှုဆိုင်ရာ အဆောက်အဦ ရေအေးပေး စက်ရုံ၊ ရေကန်၊ စက်ပြင်အလုပ်ရုံ (၉၄) ရာခိုင်နှုန်း ပြီးစီးမှုနှင့် သိုလှောင်ရုံများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ၊ အထွေထွေ မန်နေဂျာ ဒေါက်တာ အောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသည်။ ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် စီမံကိန်း လုပ်ငန်းခွင်အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး၊ စီမံကိန်းအတွက် အဓိက ကုန်ထုတ်လုပ်ရန် ရာနှုန်းပြည့် ရောက်ရှိနေသော စက်ပစ္စည်းများ စနစ်တကျ ထားသိုလှောင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ၀န်ကြီး ဦးအောင်သောင်းက သတ်မှတ်ကာလ အတွင်း စက်ပစ္စည်းများ အမြန်ဆုံး တပ်ဆင် အသုံးပြုရန်၊ မြို့ပြဆိုင်ရာ အဆောက်အဦနှင့် စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ရာနှုန်းပြည့် သတ်မှတ် စံချိန်စံညွှန်းများ နှင့်အညီ ပြီးစီးအောင် တည်ဆောက်ကြရန် မှာကြားသည်။
အဆိုပါ မြစ်သား ချည်မျှင်စက်ရုံ (စီမံကိန်း) ကို တရုပ်ပြည်သူ့ သမ္မတနိုင်ငံ Tianjin Universal Machinery Import & Export Corporation နှင့် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ပြီး၊ ပြည်တွင်း လိုအပ်ချက် အတွက် (၁)နှစ်လျှင် ချည်ပေါင်(၅.၄၇၂)သန်း ထုတ်လုပ် ရရှိမည် ဖြစ်သည်။ အလားတူ ပလိပ်၊ ရွှေတောင်၊ ပွင့်ဖြူ၊ ပခုက္ကူ၊ ဆားလင်းကြီး၊ စစ်ကိုင်း ချည်မျှင်နှင့်အထည် စက်ရုံကြီးများမှလည်း (၁)နှစ်လျှင် ချည်ပေါင်(၄၂)သန်း ဖြည့်ဆည်းပေးလျက်ရှိပါသည်။ နိုင်ငံတော် အကြီးအကဲများမှ ပြည်တွင်းအ၀တ်အထည်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခြင်း ဖြစ်သည်။
ဆက်လက်၍ အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ နံနက် ၁၀နာရီ ၁၅မိနစ်တွင် ပျော်ဘွယ်မြို့နယ်၊ ဆားတောင် ကျေးရွာအနီး၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ကုန်းတွင်း ဆားထုတ်လုပ်မှု လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဆားပျိုးခင်း၊ ဆားရေစစ်စင်၊ ဆားရေတွင်းမှ ဆားထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်ကို လည်းကောင်း၊ ဆားချက် မီးဖိုဖြင့် ဆားချက်လုပ်မှု လုပ်ငန်း အခြေအနေကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းရွှေနှင့် အထွေထွေ မန်နေဂျာ ဦးတင်မောင်ဝင်းတို့က ရှင်းလင်း တင်ပြ ကြသည်။ ယင်းနောက် ၀န်ကြီး ဦးအောင်သောင်းသည် ဆားပါဝင်မှု တိုင်းတာခြင်းအား ကြည့်ရှု စစ်ဆေး၍၊ ၀န်ကြီးမှ မြေအောက်ရေမှ ဆားချက်ခြင်း လုပ်ငန်းအား ပိုမိုထွက်ရှိရေး အတွက် နေလှန်း ဆားကွင်းများ အဖြစ် တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်၊ မန္တလေးတိုင်း၊ စစ်ကိုင်တိုင်း၊ မကွေးတိုင်း အတွင်းရှိ မြေအောက် ဆားလုပ်ငန်းများဖြစ်၍ ဆားအမြောက်အများ ထုတ်လုပ် ရရှိနိုင်ကြောင်း သိရှိရပါသည်။
ထိုမှတဆင့် ၀န်ကြီး ဦးအောင်သောင်းသည် ပျော်ဘွယ်မြို့နယ်၊ မြန်မာ့ အထည်အလိပ်လုပ်ငန်း၊ ပျော်ဘွယ် ချည်မျှင်စက်ရုံ (စီမံကိန်း) သို့ ရောက်ရှိပြီး၊ စက်ရုံ ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော စိုက်ခင်းများအား လည်းကောင်း၊ စီမံကိန်း လုပ်ငန်းခွင် အတွင်း မြို့ပြဆိုင်ရာ အဆောက်အဦများ တည်ဆောက်ခြင်းနှင့် စက်မှုပိုင်းဆိုင်ရာ အဆာက်အဦများ တည်ဆောက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေး၍ ၀န်ကြီးမှ သတ်မှတ် ကာလအတွင်း သတ်မှတ် စံနှုန်းများနှင့်အညီ မြန်ဆန်စွာ ဆောင်ရွက်နိုင်ကြရန် မှာကြားပြီး စက်ရုံတွင် အသုံးပြု တပ်ဆင်ရန် ရောက်ရှိနေသော စက်ပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။ အဆိုပါ ပျော်ဘွယ် ချည်မျှင်စက်ရုံ (စီမံကိန်း)ကို တရုပ်ပြည်သူ့ သမ္မတနိုင်ငံ Tianjin Universal Machinery Import & Export Corporation နှင့် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပင်မစက်ရုံ အဆောက်အဦ ၈၆%၊ စက်မှုဆိုင်ရာ အဆာက်အဦ ဆောက်လုပ်ခြင်း ၉၆%၊ ကူးသန်း ရောင်းဝယ်ရေး အဆောက်အဦ ၉၉% တည်ဆောက် ပြီးစီးနေပြီ ဖြစ်၍ စီမံကိန်း စက်ရုံလည်ပတ် ထုတ်လုပ်နိုင်ပါက ပြည်တွင်း လိုအပ်ချက်၏ ချည်ပေါင် (၅.၄၇၂) သန်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း
မန္တလေးတိုင်း ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် တွေ့ဆုံပွဲနှင့် မန္တလေးစက်မှုဇုန်နှင့် ကျောက်ဆည်စက်မှုနယ်မြေမှ စက်ရုံများအားသွားရောက်ကြည့်ရှုစစ်ဆေးခြင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံး အစည်းအဝေး ခန်းမဆောင်၌ မန္တလေးတိုင်း၊ ခရိုင် (၈)ခုမှ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံ နေထိုင်နိုင်ရေး ကိစ္စရပ်များ၊ ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်အောင် ဆောင်ရွက်နေမှု ကိစ္စရပ်များကို အမျိုးသားရေး စိတ်ဓာတ် ပြည့်ဝစွာဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ပြည်တွင်း ပြည်ပ သတင်း အချက်အလက်များနှင့် သုတစာပေ ပညာရပ်များကို ဆည်းပူး လေ့လာ၍ အရည်အသွေး၊ အရည်အချင်း ကောင်းမွန် ပြည့်ဝသော အသင်းဝင်များ အဖြစ် ဆက်လက် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။ ထိုမှတဆင့် မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁) စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေး စက်မှုဇုံရှိ မန္တလေး တော်ဝင် စက်မှုလက်မှု ကုမ္ပဏီ လီမိတက်သို့ ရောက်ရှိရာ မန္တလေး စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် ကော်မတီဝင်များက ကြိုဆိုကြသည်။
ထို့နောက် မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌသည် မန္တလေး တော်ဝင် စက်မှုလက်မှု ကုမ္ပဏီ၏ သံရည်ကျို ပုံလောင်းဌာနမှ ကုန်ကြမ်းများနှင့် Steel Ball အရွယ်အစား အလိုက် ထုတ်လုပ်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးရာ မန္တလေး စက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှ လိုက်လံရှင်းလင်း ပြသပြီး မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းက အရည်အသွေး ကောင်းမွန်၍ ပြည်ပသွင်းကုန် အစားထိုး ပစ္စည်းများ အဖြစ် တိုးတက် ထုတ်လုပ်ကြရန် မှာကြားသည်။
ဆက်လက်၍ ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းသည် Forging ဌာနသို့ ရောက်ရှိပြီး Steel Ball အမာတင် မီးဖို၏ ကုန်ထုတ်လုပ်မှုနှင့် တော်ဝင် စက်မှုလက်မှုမှ တီထွင် ထုတ်လုပ်ပြီးသော အရွယ်အစားအလိုက် Steel Ball များအား လည်းကောင်း၊ Machine Shop ဌာနတွင် တော်ဝင် စက်မှုလက်မှုမှ ထုတ်လုပ် ပြသထားသော ရေစုပ်စက်၊ 3 KW(ကီလိုဝပ်)ဒိုင်နမို၊ ကြက်ဆူဆီ ကြိတ်စက် အစိတ်အပိုင်းများ၊ မော်တော်ကား ပစ္စည်းနှင့် လယ်ယာသုံး ပစ္စည်း အစိတ်အပိုင်းများအား လည်းကောင်း၊ ဆီသန့်စင်စက်၊ ရေပန့်နှင့် ကြက်ဆူဆီ ကြိတ်စက်များ၊ Water Cooling Pump၊ Pannel Box နှင့် ဒိုင်နမို တပ်ဆင်မှု၊ ကုန်ထုတ်လိုင်း တစ်လျှောက်နှင့် machine shop 2 ၏ စက်ပစ္စည်းများ၊ စက်ခုတ်စားမှု၊ တွင်ခုံ ဖောက်ခုံ စက်ကြီးများဖြင့် သံခုတ်စားနေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်သောင်းက ပြည်တွင်း လိုအပ်ချက် စက်ပစ္စည်း အစိတ်အပိုင်းများကို နည်းပညာ၊ အတတ်ပညာများ ပူးပေါင်း၍ အရည်အသွေးမြင့် ပြည်ပ သွင်းကုန် အစားထိုး ပစ္စည်းများ စဉ်ဆက်မပြတ် ပိုမိုကြိုးစားထုတ်လုပ်ကြရန် မှာကြားခဲ့သည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် စက်မှုလုပ်ငန်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် ကျောက်ဆည် စက်မှုဇုန် နယ်မြေရှိ မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်း၊ ဘိလပ်မြေ စက်ရုံသို့ ရောက်ရှိပြီး ဘိလပ်မြေ အထွက်တိုးရေး အတွက် ဆောင်ရွက်ရမည့် Clinker Burming System၊ Water Gas ပြုပြင်ရန်၊ Cement Grinding System ပြုပြင်ရန်နှင့် Air Compressor များ ပြုပြင်ရန် လိုအပ်ချက် အခြေအနေများကို မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီက ကဏ္ဍအလိုက် ဓာတ်ပုံ မှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် မီးသင်းဖို အတွင်းပိုင်း မီးခံအုတ် လဲလှယ်မှု အခြေအနေနှင့် မီးသင်းဖို လိုင်းတစ်လျှောက် ပြုပြင်တပ်ဆင်မှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ၀န်ကြီး ဦးအောင်သောင်းသည် ကွန်ပျူတာဖြင့် ထိန်းချုပ်ခန်းသို့ရောက်ရှိပြီး စက်များ လည်ပတ် ထိန်းချုပ်မှု စနစ်အား ကြည့်ရှု စစ်ဆေး၍ အရေးကြီးသည့် စက် အစိတ်အပိုင်းများကို သေချာ စစ်ဆေးပြီး အမြန်ဆုံး လဲလှယ် ပြင်ဆင် ဆောင်ရွက်ကြရန်နှင့် ကုန်ထုတ်လုပ်မှု ရည်မှန်းချက် ထိခိုက်နစ်နာမှု မရှိအောင် စီမံ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁)စက်မှုဝန်ကြီး ဦးအောင်သောင်းသည် နံနက် (၇)နာရီတွင် ကျောက်ဆည်စက်မှု နယ်မြေရှိ မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်း၊ မှန်စက်ရုံ (စီမံကိန်း) တည်ဆောက်မည့် စီမံကိန်းနေရာသို့ ရောက်ရှိပြီး ရှေးဦးစွာ စီမံကိန်းဆိုင်ရာ အဆောက်အဦးများ၊ မြေနေရာ ချထားမှု အခြေအနေ၊ ယင်းစွဲတောင်မှ မှန်ချက်သဲ ရရှိနိုင်မှု အခြေအနေနှင့် မှန်စက်ရုံ (စီမံကိန်း) အသုံးပြုမည့် အခြေအနေကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီက ရှင်းလင်းတင်ပြသည်။ ယင်းနောက် မှန်စက်ရုံစီမံကိန်း (ကျောက်ဆည်) ၏ ရေနှင့် လျှပ်စစ်မီး သွယ်တန်းမည့် အခြေအနေများအား ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် တာဝန်ရှိသူများက မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြပြီး ၀န်ကြီး ဦးအောင်သောင်းက စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် စတင်တည်ဆောက်မည့် အချိန်မှ စနစ်တကျ တိုင်းတာ တွက်ချက်၍ အားနည်းချက်များ မရှိအောင် စီမံဆောင်ရွက်မှုများ အကွက်ကျကျ ပေါင်းစပ် ညှိနှိုင်း လုပ်ကိုင်ကြရန် မှာကြားသည်။ အဆိုပါ မှန်စက်ရုံစီမံကိန်း (ကျောက်ဆည်) အား မကြာမီ စတင် တည်ဆောက်မည် ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာပြည် အထက်ပိုင်း ကျောက်ဆည် စက်မှု နယ်မြေတွင် မှန်စက်ရုံ တည်ဆောက်နိုင်ရန် မြန်မာ့ ကြွေထည် မြေထည် လုပ်ငန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CHINA CAMC ENGINEERING Co.,Ltd တို့သည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ယင်းစွဲတောင်မှ တွေ့ရှိရသော သယံဇာတ ပစ္စည်းဖြစ်သည့် မှန်ချက်သဲကို အလယ်မန်ကျွန်းမှ မှန်ချက်သဲကဲ့သို့ တွေ့ရှိရ၍ ယင်းစွဲတောင်နှင့် ပုရစ်တောင်မှ ထုတ်ယူမည့် မှန်ချက်သဲ ကုန်ကြမ်းသိုက် ပမာဏမှာ ၄.၈ တန်သန်း ရှိသဖြင့် နှစ်ပေါင်း ၁၅၄ နှစ်ခန့် သုံးစွဲနိုင်မည် ဖြစ်သည်။ အဆိုပါ မှန်စက်ရုံ စီမံကိန်း ပြီးစီးပါက မှန်အကြည်၊ အရောင်မှန်၊ လွှာထပ်မှန်၊ လုံခြုံရေးမှန်၊ အန္တရာယ်ကင်းမှန်၊ ကျည်ကာမှန်၊ လေကာမှန်၊ ကြည့်မှန်၊ အဆင့်မြင့် မှန်များ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တစ်ရက်လျင် မှန်ရေ ၁၅၀ တန် ကျိုချက်နိုင်သော မှန်ရည်ကျို မီးဖိုဖြင့် တစ်ရက်လျင် မှန်ကုန်ချော ၁၁၇ တန်၊ တစ်နှစ်လျင် မှန်တန်ချိန် ၄၁၇၀၀ တန် ထုတ်လုပ်နိုင်မည့် စက်ရုံဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးရတနာသိမ်ကျောင်း၌ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့ကြသော မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟို အတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက် အတွင်းရေးမှူး ဦးစိန်မြင့်၊ ဦးသိန်းထွန်း အလုပ်အမှုဆောင်များသည် ၂၀၀၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ဒေါနဘွား ရပ်ကွက်ရှိ ဖောင်တော်ဦး ရတနာ သိမ်ကျောင်း၌ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာယက အမှူးပြုသော သံဃာတော် အရှင်သူမြတ် တို့အား ဖူးမြော်ကြည်ညို၍ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ကြသည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် ဗဟို အတွင်းရေးမှူး အမှတ်(၁)စက်မှု ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးမြို့ ၇၃ လမ်းရှိ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းရုံး အစည်းအဝေး ခန်းမ၌ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ မန္တလေးတိုင်း၊ မန္တလေးခရိုင် အတွင်းရှိ ၇ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာများမှ အလုပ်အမှုဆောင်များ၊ စည်းရုံးရေးမှူး ၃၄၂ ဦးအား တွေ့ဆုံ၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ၅ ရပ်များ တိုးတက်အောင် ဆောင်ရွက်ကြရန်၊ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို ထိရောက်စွာ ပါဝင်ကူညီ ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေးနှင့် ကျောင်းအပ်နှံရေး၊ စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ခုံများနှင့် စာရေး ကိရိယာများ ထောက်ပံ့နိုင်ရေးနှင့် ရပ်ကွက်၊ ကျေးရွာ သန့်ရှင်းရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန်နှင့် ပံ့ပိုး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော စည်းရုံးရေးမှူးများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ဗဟို အတွင်းရေးမှူး ၀န်ကြီးမှ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်း လေဘေးသင့် ပြည်သူများကို မေလ ၁၂ ရက်နေ့မှ စ၍ တစ်လကြာ သွားရောက် ကူညီ ဆောင်ရွက်ပြီး ပြန်လည် ရောက်ရှိလာသော မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၁၅၂ ဦး အား ဂုဏ်ပြုပွဲ အခမ်းအနားကို ညနေ ၅ နာရီ၌ ဆက်လက် ကျင်းပရာ အစီအစဉ်အရ ဗဟို အတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းက ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများကို သွားရောက်ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အတွေ့အကြုံများအား အဖွဲ့ခေါင်းဆောင် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်ဦးမြင့်သိန်းက မှတ်တမ်း ဓာတ်ပုံ များဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက် အတွင်းရေးမှူး ဦးစိန်မြင့်နှင့် ဦးသိန်းထွန်းတို့က ဧရာဝတီတိုင်း လေဘေးသင့် ပြည်သူများကို သွားရောက် ကူညီ ဆောင်ရွက်ခဲ့ကြသော အဖွဲ့ဝင်များအား ဂုဏ်ပြု လက်မှတ်များကို အဖွဲ့ ခေါင်းဆောင်များထံ ပေးအပ်ခဲ့ပြီး ဗဟို အတွင်းရေးမှူး ၀န်ကြီး ဦးအောင်သောင်းက အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။