ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ နေပြည်တော် ပျဉ်းမနားခရိုင်တွင် အခမဲ့ဆေးဝါးကုသပေး လျှက်ရှိသော မျက်စိဝေဒနာရှင်များအား ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး နှင့်ဇနီး ဒေါ်ခင်ခင်ရီတို့ တွေ့ဆုံအားပေးစကားပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သော နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း မြို့နယ်တို့မှ အခမဲ့ဆေးဝါးကုသလျှက်ရှိသော မျက်စိဝေဒနာရှင်များအား (၅-၄-၂၀၀၈)ရက်နေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီတို့က နေပြည်တော် ခုတင် ၃၀၀ ဆန့် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ရန်ကုန်မြို့တော်ဝန်၏ဇနီး မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းနွယ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။ရှေးဦးစွာ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးနှင့်ဇနီးတို့သည် ရဟန်းရှင်လူပြည်သူ မျက်စိခွဲစိပ်ပြီးလူနာများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ မျက်စိခွဲစိပ်မည့်ဝေဒနာရှင်များကိုလည်းကောင်း၊ ခွဲစိပ်ခန်းအတွင်း မျက်စိဝေဒနာရှင်များ ခွဲစိပ်ကုသနေမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား (၄-၅-၂၀၀၈)နှင့်(၅-၅-၂၀၀၈) ရက်နေ့တွင် မျက်စိဝေဒနာရှင် ၂၁၉၄ ဦး ကုသမှုကိုခံယူပြီး မျက်စိဝေဒနာရှင် ၃၄၈ ဦးအား ခွဲစိပ်ကုသပေးပြီး ကျန်လူနာများအား မျက်မှန်များအခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ပါသည်။





