ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် ၁၄-၃-၂၀၀၈ ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ် ၊မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသအား ဖူးမြော်ကြည်ညို၍ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ အမှတ်(၁)စက်မှုဝန်ကြိးဌာန၊ ၀န်ကြီးဦးအောင်သောင်းသည် ဇယမေဒနီ သက်တော်ရှည်ကျောင်း ၌ ရွှေကျင်သာသနာပိုင်၊ နိုင်ငံတော်သြ၀ါဒစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တအဂ္ဃိယအား ဖူးမြော်ကြည်ညို၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မြတောင်တိုက် သာသနာ့ပါလ ရွှေဝါ၀င်းကျောင်း၌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ သာသနာဘိဝံသအားလည်းကောင်း ဖူးမြော်ကြည်ညိုပြီး သင်္ကန်းအစ ရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းသည် ၁၅-၃-၂၀၀၈ ရက်နေ့ မွန်းလွဲ ၃နာရီတွင် မန္တလေးမြို့၊ ငါးစို့ကျောင်းတိုက်သို့ရောက်ရှိပြီး တိုက်အုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒိမာအား ဖူးမြော် ကြည်ညိုပြီး သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အမှတ်(၂)ဘုန်းတော်ကြီးကျောင်း မိဘမဲ့ကလေးများအား စားသောက်ခန်းမ၌ကြည့်ရှု့၍ အားပေးစကားပြော ကြားသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးဦးအောင်သောင်းနှင့်အဖွဲ့သည် အမှတ်(၂)ဘုန်းတော်ကြီးကျောင်း ဇမ္ဗူရာဇ်(၃)ထပ်ကျောင်း ဆောင်၌ မိဘမဲ့ကလေးများကျားကျောင်းပညာသင်ကြားသည့် စာသင်ခန်းများ၊ စာကြည့်ခန်း AUDIO LAB၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုပြင်ဆင်ရေးခန်းနှင့် ကွန်ပျူတာသင်ကြားမှုအခြေအနေအား ကြည့်ရှု့ပြီး မိဘမဲ့ကလေးများကျားကျောင်းအတွက် ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းမှ ဆန်အိတ်(၆၀)အိတ်၊ ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၂၀၀နှင့် ကွန်ပျူတာများပြင်ဆင်အသုံးပြုရန် ငွေကျပ်သိန်း ၂၀ အား လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး၊ ၀န်ကြီးဦးအောင်သောင်းသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၊ ချောမြတ်နွယ်သုံးထပ်ကျောင်းဆောင်တွင် မဟာနာယက ချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဏိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တကုဏ္ဍလာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး ဆေး၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။