အစီအစဉ်အရ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက CMP လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အတွက် ခေါ်ယူညှိနှိုင်း ဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ချမှတ်ထားသော လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆပ်ကော်မတီ အသီးသီးမှ နည်းလမ်းတကျ ဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ အလုပ်သမား ကိစ္စရပ်များ၊ အခွန်နှင့် လုပ်ငန်း ကြီးကြပ်ရေး ကိစ္စရပ်များ၊ လုပ်ငန်းများ စစ်ဆေးရေး ကိစ္စရပ်များကို ကုမ္ပဏီ လုပ်ငန်းရှင်များက မှန်ကှန်ကန်ကန်နှင့် စာရင်းဇယားများ ပြုစုကြရန်နှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ CMP လုပ်ငန်းများ သွင်းကုန် ပို့ကုန် ကြီးကြပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်ထွန်းမှ CMP အထည်ချုပ် လုပ်ငန်းများ သွင်းကုန် ပို့ကုန် ကြီးကြပ်မှု လုပ်ငန်း ကိစ္စရပ်များကို လည်းကောင်း CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁)စက်မှု ၀န်ကြီးဌာန စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်က CMP အထည်ချုပ် လုပ်ငန်းများ စစ်ဆေး ဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေး ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းတို့က CMP အထည်ချုပ် လုပ်ငန်းများ၏ ပြည်တွင်း လုပ်ငန်း အခြေအနေ နိုင်ငံတကာ ဈေးကွက် အခြေအနေနှင့် CMP အထည်ချုပ် လုပ်ငန်းများ စနစ်တကျ မြန်မြန်ဆန်ဆန် ဖြစ်မြောက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် CMP လုပ်ငန်းရှင်များက သိလိုသမျှကို ဆွေးနွေး တင်ပြကြပြီး CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ CMP လုပ်ငန်းရှင်များ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။